Wednesday, November 27, 2013
Hardware Device အားလုံးကို Block လုပ်ပေးမယ့် - USB Block 1.5.5 Serial key and crack
3:03 AM
No comments
မိမိရဲ့
ကွန်ပြူတာထဲကို Hardware Device တွေ မထည့်နိုင်အောင် နဲ့
မချိတ်ဆက်နိုင်အောင် တားဆီးပေး မယ့် Software လေးဖြစ်ပါတယ်ဗျာ။
Monday, November 25, 2013
Windows 8 သုံးသောသူများ သိစေရန်
5:16 AM
No comments
Windows 8 သုံးသောသူများ သိစေရန်
Window 8 OS တွင် ညစ်ညမ်းဂိမ်း (Adult Game) ဆော့ကစားခြင်းအား Microsoft မှ
Window 8 OS တွင် ညစ်ညမ်းဂိမ်း (Adult Game) ဆော့ကစားခြင်းအား Microsoft မှ
တားဆီး ပိတ်ပင်ထားမည် ဖြစ်ကြောင်း သိရသည်။
ဂိမ်းခွေတွင် ပါရှိသော rating သည် – PEGI 16 သို့မဟုတ် ESRB Mature ထက်ကျော်လွန်ပါက Window 8 OS တွင်ေ
ဂိမ်းခွေတွင် ပါရှိသော rating သည် – PEGI 16 သို့မဟုတ် ESRB Mature ထက်ကျော်လွန်ပါက Window 8 OS တွင်ေ
ဆာ့ကစား၍ ရမည် မဟုတ်ကြောင့် မိုက်ခရိုဆော့ဖ် ပရိုဂမ်မာများက ပြောကြားသည်။ app certification requirements ကို
အဆင့်မြင့်တင်ထားသော်လည်း ယင်း တားမြစ်ချက်က အခြား ဂိမ်များကိုလည်း ထိခိုက်စေနိုင်ကြောင်း သိရသည်။
ဥရောပ တွင် အဆင်မပြေနိုင်မည့် ဂိမ်းများ ရှိသည်။
Dishonored, Skyrim, Sleeping Dogs, Assasin’s Creed, Call of Duty စသည့်ဂိမ်းများ ဖြစ်ပြီး
အခြား Violence ပြင်း၍ အသက်အရွယ် ကန့်သတ်မှု များသော အက်ရှင်ဂိမ်း၊ Horror ဂိမ်း များလည်း
Windows 8 တွင် ဆော့ကစား၍ မရနိုင်ကြောင်း သိရသည်။
ညစ်ညမ်းဂိမ်းကို Windows 8 OS တွင် စစ်ထုတ် တိုင်းတာရန် စနစ်ပါရှိပြီး ဂိမ်းက ဖော်ပြသည့်
ညစ်ညမ်းဂိမ်းကို Windows 8 OS တွင် စစ်ထုတ် တိုင်းတာရန် စနစ်ပါရှိပြီး ဂိမ်းက ဖော်ပြသည့်
Metadata မှာ အားလုံးအတွက် သင့်လျော်နေရ မည် ဖြစ်ကြောင်း ပြောကြားထားသည်။
ထို့ကြောင့် Windows 8 OS အသုံးပြု၍ ဂိမ်းခွေစတိုးများ ဝင်ရောက်ရာတွင်လည်း အခက်တွေ့နိုင်ကြောင်း သိရသည်။
ထို့ကြောင့် Windows 8 OS တွင် ညစ်ညမ်းဂိမ်း တားမြစ်ချက် အတွက်
ထို့ကြောင့် Windows 8 OS တွင် ညစ်ညမ်းဂိမ်း တားမြစ်ချက် အတွက်
အသုံးပြုသော နည်းပညာကို အဆင့်မြင်တင်ရန် တိုက်တွန်းလျက်ရှိကြောင်း သိရသည်။
Aung Kham-TSJ Team
Android ဟူသည်အဘယ်နည်း နှင့် Android သမိုင်းကြောင်း
5:14 AM
No comments

Android သမိုင်းကြောင်း
Android ကို Google က ပိုင်ဆိုင်ပါတယ် google ဆိုတာကတော့ အင်တာနက် သုံးသူတိုင်း
မသိသူမရှိလောက်ပါဘူး။ Google က 17.8.2005 ခုနှစ်မှာ Android Inc ကိုဝယ်ယူခဲ့ပါတယ်။ သူထုတ်ချင်တာ က မိုဘိုင်း device တွေပေါ်မှာသုံးဖို့ OS တစ်ခု ထုတ်ချင်တာဖြစ်တဲ့ အတွက် Android ကို စအကောင်အထည်ဖော်ခဲ့တဲက Android Inc ကိုဝယ်ခဲ့တာပါ။
ဒါပေမယ့် အချိန်အတန်ကြာ ငြိမ်နေခဲ့ပါတယ် သူစီးပွားရေးဈေးကွက်ကို ဘယ်လိုဝင်ရမလဲ စဉ်းစားနေတာနေမှာပေါ့ ဒါပေမယ့် 2007 ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှာပဲ iOS နဲ့မောင်းနှင်တဲ့ iPhone ကို စတင်မိတ်ဆက်ပေးခဲ့ပြီး အောင်မြင်မှုများစွာ
ရရှိခဲ့ပါတယ် အဲဒီအချိန်က စပြီး Google ကလည်း Android ကိုအကောင်အထည်ဖော် ဖို့အတွက် 2007 ခုနှစ်မှာ Open Handset Alliance (OHA) ဆိုတဲ့ အဖွဲ့ကို ထူထောင်လိုက်ပြီး ၂၀၀၈ မှာ Android ကိုစတင်ပွဲထုတ်ခဲ့ပါတယ်။
အခုလူတော်တော်များများကပြောကြပါတယ် Android က iOS ကို ပြိုင်ဆိုင် ဖို့ထွက်လာတာပါ ဆိုတာပါ။ ဒီဟာက အပြည့် အစုံတော့ မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Google က iOS စထုတ်ပြီးတော့မှ Android စဖြစ်လာတာမဟုတ်ပါဘူး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက Android ကိုဝယ်ယူခဲ့တာပါ။ သို့သော် iOS ထုတ်လိုက်တော့ သူလည်းထုတ်သင့်တဲ့အချိန်ရောက်ပြီ ဆိုတော့ထုတ်လို က် တာလည်းဖြစ်နိုင်ပါတယ်။ Android ရဲ့ Logo လေးကတော့ လူတော်တော်များများမြင်ဖူးနေတဲ့ စက်ရုပ်ပုံအစိမ်းလေးပဲဖြစ်ပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း ဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့် မားတဲ့ mobile device တွေ ထုတ်လုပ်နိုင်ဖို့အတွက် သူ့ရဲ့မိတ်ဖက်တွေ ဖြစ် တဲ့ HTC,Samsung,Sony,Motorola တို့နဲ့ ညှိနိုင်းခဲ့ပါတယ်။
ပထမဆုံး android OS နဲ့ ထုတ်တဲ့ မိုဘိုင်းဖုန်းကတော့ US က T-mobile Company ကရောင်းချခဲ့တဲ့ HTC (G1) ဖုန်းလေးဖြစ်ပါတယ်။
ဒါလေးက ဂုဏ်ယူစရာပါ ဘာကြောင့်လဲဆိုတော့ HTC က ကျွန်တော် တို့ မြန်မာနိုင်ငံရဲ့ မန္တလေးသား တစ်ဦးက ပိုင်ဆိုင်တာပါ။
Android စတင် လက်တွဲခဲ့တဲ့ ကုမ္မဏီက ကျွန်တော်တို့မြန်မာနိုင်ငံဖွား ပိုင်တဲ့ ကုမ္မဏီလေ။
အဲဒါနဲ့ပဲ Android လေး စတင်ဖြစ်ပေါ်လာတယ်ပဲဆိုပါတော့ Android ရဲ့ အဓိက နာမည်ကြီးရတဲ့အကြောင်းအရင်းက Open source ဖြစ်လို့ပါ။ Open Source ဆိုတဲ့သဘောက သူတို့ရဲ့ Source code တွေ ကို မည်သူမဆို ပြင်ဆင်ခွင့်ရှိပါတယ်။ programming language ကို အကျွမ်းတ၀င်ရှိထားသူ Developer များက လိုအပ်တာတွေ ပြင်ဆင်ရင်းနဲ့ Android လေးက အကောင်း ဆုံး Mobile OS လေးဖြစ်လာရတာပါ။ ကွန်ပျူတာရဲ့ OS တွေမှာလည်း ဒီအတိုင်းပါပဲ။
Linux ဟာ open source ပါ Android ဟာ Linux ကို အခြေခံထားတဲ့ mobile OS ဖြစ်တာကြောင့် သူလည်း Open Source ဖြစ်သွားတာပါ။ Microsoft က ထုတ်တဲ့ Windows OSတွေက Open Source မဟုတ် ပါဘူး သူတို့ကုဒ်တွေကို သူတို့သာပိုင်ဆိုင်ပြီးCopyright ရှိပါတယ်။ သူတို့ company က developer များသာ ပြင်ဆင်ခွင့်ပြီး အခြားသူများပြင် ဆင်ပါက copyright ဥပဒေနဲ့ တရားစွဲနိုင်ပါတယ်။ ဒါက Open Source
ဆိုတာကို မြင်သာအောင် ပြောပြတာပါ ။
Android လေးကို ပြင်ဆင်တည်းဖြတ်ရင်း တည်းဖြတ် ရင်းနဲ့ အခုအချိန်မှာ အတော်လေးကို ပြည့်စုံလာတာကိုတွေ့ရပါပြီ။ ဒါဆိုကျွန်တော်တို့Android version တွေ အကြောင်းလည်း သိဖို့လိုအပ် ပါတယ်။ ဗဟုသုတအနေနဲ့ပေါ့
Android Version 1.0
သူကတော့ စစခြင်း Android က မွေးထုတ်ပေးလိုက်တဲ့ version ပါ HTC(G1)ဖုန်းလေးနဲ့အတူ မိုဘိုင်းလောကကို စတင်လာခဲ့တယ်ဆိုပါတော့။ သူ့ကိုစထုတ်ခဲ့တဲ့နေ့ကတော့၂၀၀၈ ခုနှစ် ၊ စက်တင်ဘာလ(၂၃)ရက်နေ့ ပါ ။ နောက်ပိုင်း ထွက်တဲ့ Android version တွေက ထူးထူးခြားခြား ပါ စားစရာမုန့်တွေနဲ့ အမည်ပေးခဲ့ပါတယ် ဆက်ကြည့်ရအောင်နော်
Android Version 1.5(CupCake)
သူကတော့ ၂၀၀၉ ခုနှစ် April(30) မှာ ထွက်လာတာပါ။ ပြောင်းလဲ မှုတွေကတော့ Browser မှာ copy , paste တွေလုပ်လို့ရ လာပါတယ်။ နောက်ပြီး Auto rotate screen လည်းရလာ ပါတယ်။ Widget တွေလည်း သုံးလို့ရလာပါတယ်
Android Version 1.6(Donut)
ဒီ version လေးကိုတော့ 15 September 2009 စတင်ထုတ်ဝေခဲ့ပါတယ် နောက်ပြီးတော့ Camera ပိုင်းလည်း အရင် version တွေ ထက်ပိုမိုကောင်းမွန်လာခဲ့ပြီးCDMA,EVDO စနစ်ကို ပါ သုံးစွဲလာနိုင်ခဲ့ပါတယ်။ အကောင်းဆုံး အချက်ကတော့ WVGA ဆိုတဲ့ ကြည်လင်မှုကောင်းတဲ့ Screen Resolution ကိုလည်း ထောက်ပံပေးနိုင်ခဲ့တယ်
Android Version 2.0/2.1(Éclair)
ဒီကောင်လေးကိုတော့ Donut ထက် တစ်လခန့်အကွာမှာ ထွက်ပေါ်လာတာပါ။ 26 October 2009 ပေါ့ သူ့မှာနောက်တိုး feature တွေအနေနဲ့ Screen size အကြီးတွေ
ကို Resolution ပိုကောင်းအောင် support လုပ်နိုင်ခဲ့တယ် နောက်ပြီး ယနေ့ခေတ်မှာနာမည်ကြီးနေတဲ့ HTML5 က အခု version မှာကတည်းက Support လုပ်နိုင်ပါပြီ။
Android Version 2.2(Froyo)
ဒီ version လေးကတော့ ၂၀၁၀ ခုနှစ်၊ May လ ၂၀ ရက် မှာ ထုတ်ခဲ့တာပါ သူ့မှာပါဝင်လာတာတွေကတော့ အတော်များလာပါတယ်။ ဒါပေမယ့် အဓိကကောင်းတာလေးကတော့ Phone က internet connection ကို ကွန်ပျူတာ မှာသုံးဖို့အတွက် USB tethering လို့ခေါ်တဲ့USB ပေါက်ထိုးရုံနဲ့ အင်တာနက်ရရှိစေတဲ့ နည်းပညာလေးပါ။ နောက်ပြီးတော့ Wifi hotspotနည်းပ ညာတွေ လည်းပါဝင်ပါသေးတယ်။ USB ကြိုးထိုးစရာမလိုပဲ ဖုန်းကနေ wifi ပြန်လွှင့်ပြီး Laptop တွေနဲ့အင်တာနက်သုံးလို့ရတဲ့ နည်းပညာကောင်းလေးတွေပါ screen လေးက လည်း desktop စတိုင်အသုံးပြုမှုတွေ ပိုကောင်းလာပါတယ်။
Android Version 2.3(GingerBread)
GingerBread လေးကိုတော့ လူအတော်များများသိလောက်မှာပါ။ ဘာကြောင့်လဲဆို တော့ မြန်မာပြည်မှာ Android တွေ စခေတ်စားလာတဲ့ အချိန်က ပေါ်ခဲ့တဲ့ version လေးဆိုလည်းမမှားပေ ဘူးပေါ့။ ဒီ version လေးနဲ့ Android ဟာ တစ်ဟုန်ထိုး တိုးတက်ခဲ့ပါတယ် လက်ရှိအချိန်ထိ ဒီ version လေးက မပျောက်ကွယ်သေးပါဘူး …. Google ရဲ့Android လေးဟာလည်း ဒီ version လေးမှာ တော်တော်အောင်မြင် လာပါတယ်။
သူနဲ့အတူထုတ်လိုက်တဲ့ဖုန်းတွေကတော့= Samsung Galaxy S2, Motorola Droid Razr/Razr Maxx
Android Version 3.0/3.1(Honeycomb)
ဒီ version လေးကလည်း ထူးခြားပြန်ပါတယ် ဘာကြောင့်လဲဆိုတော့ ဖုန်းတွေမှာဒီ version လေးကို အသုံးမပြုနိုင်ပါဘူး။ Tablet တွေသီး သန့်အတွက်သာ ရည်ရွယ်ပြီးထုတ်ခဲ့လို့ပါ ဒါပေ မယ့် သိပ်နာမည်မကြီးလိုက်ပါဘူး မိုဘိုင်းဖုန်းသုံးမရတဲ့အတွက်အကြောင့်ပါ သူကတော့ 22 February 2011 မှာ ထွက်ပေါ်လာတာပါ။
Android Version 4.0 _ 4.0.x (Ice Cream Sandwich)
စတင်ပွဲထုတ်ခဲ့တဲ့ အချိန်ကတော့ 19 October 2011 နေ့ပါ ဒီ version ကတော့ အခု စာဖတ်သူတော်တော်များများသိနေကြပါပြီ ဒီဇိုင်လေးကလန်းတယ်လို့ လူအများပြောကြတဲ့ ICS ပါ။.. သူ့ကိုတော့Google က Galaxy Nexus ဖုန်း နဲ့အတူ ပွဲထုတ်ခဲ့ပါတယ် အောင်မြင်တဲ့ version လေးတစ်ခုဆိုလည်း မမှားပါဘူး
Android Version 4.1 (Jelly Bean)
9 July 2012 မှာထုတ်ခဲ့တဲ့ version လေးပါ ။ ဂျယ်လီကျွေးမယ်ဆိုတဲ့ version လေးပါ Samsung ရဲ့ ထုတ်ကုန်အများစုနဲ့ထွက်ပေါ်လာ တဲ့ version လေးပါ အခုအချိန်ထိတော့ အသုံးနည်းသေး ပါတယ် Samsung Device အတော်များများသာသုံးတာတွေ့ရပါတယ် အတော်ပြီးပြည့်စုံတဲ့ version လေးလည်းဖြစ်လာပါတယ် setting ပိုင်းတွေမှာ အရမ်းကို powerful ဖြစ် လာ တာတွေ့ရပါတယ်
ဒီလောက်ဆို Android Version အမျိုးမျိုးကိုသိကြပြီပေါ့နော် ဒါလေးသိရုံနဲ့ မပြီးသေးပြန်ဘူး ထူးခြားတာလေးတစ်ခုပြောပြအုံးမယ် Android ရဲ့ဆန်းသစ်မှုလေးတစ်ခု ပဲဆိုပါတော့ သူရဲ့ version တွေကို နာမည်ပေးထားတာကလည်း မုန့်နာမည်တွေချည်းပဲ။နောက်တစ်ခု ကတော့ version က English Alphabet အတိုင်းပါပဲ။ စစခြင်းက
CupCake
Donut
Eclair
Froyo
Gingerbread
Honeycomb
Ice Cream Sandwich
Jelly Bean
အစစာလုံးလေးတွေကိုကြည့်လိုက်ပါ D,E,F,G,H,I,J အစဉ်အတိုင်းပါ
မကြာခင်က အသစ်တစ်ခု ထပ်ထွက်ပါသေးတယ် နာမည်က Key Lime Pie တဲ့။ ဒါဆို ကျွန်တော်တို့ Android ကို ခန့်မှန်းနိုင်တာတစ်ခုရှိ ပါတယ်။ နောက်ထွက်မယ့်Version name လေးက L နဲ့စမှာသေ ချာပါတယ် L နဲ့စမယ့် မုန့်နာမည်လေးသာစဉ်းစား ကြပေတော့ အဲဒါသေချာသလောက်ရှိပါတယ် ဒါဆို ထူးခြားတာလေး သိပြီ နောက်တစ်ခုကျတော့ Android က ဘာကြောင့် အရမ်းအောင်မြင် လာရသလဲဆိုတဲ့အချက်တစ်ခုပါ iOS ဆိုရင် သူတို့ရဲ့ Software ကိုရေးသားပြီးရင် သူတို့ itunes မှာသာတင်ရောင်းခွင့် ၇ှိပါတယ်။ ဒါသူတို့ရဲ့ Market ပေါ့ နောက်ပြီး developer ဘက်ကရောင်းမယ် ဆိုရင် စစ၀င်ခြင်း $99 ပေးရပါတယ် ။ သူတို့ရောင်းတဲ့ application က $2 ဆိုရင်Developer က $1 သာရရှိပါတယ် ကျန် 50% က apple ကိုပေးရပါတယ် ။ ၀ယ်သူအနေနဲ့ကြည့်မယ်ဆို ရင်လည်း itunes တစ်ခုတည်းသာရှိပါတယ် ။ ဘယ်သူမဆို ဈေးဝယ်ရင် ဈေးဆစ်ချင်ကြတာပဲလေ။
နှိုင်းယှဉ်ခြင်တာပဲလေ အခြား Market တွေ မရှိတော့ နှိုင်းယှဉ်လို့ မရဘူး ။ အော် ဒါပေမယ့် Android ကျတော့ အဲလိုမဟုတ်တော့ပြန်ဘူး Google က Google Play ဆို တဲ့ Market တစ်ခုဖွင့် ထားတယ် ဒါပေမယ့် စာဖတ်သူက market တစ်ခုလုပ်ချင်လည်းရပါတယ်။ တားဆီး ထားခြင်း မရှိပါဘူး။ Market ပေါင်းများစွာလည်းရှိပါတယ် အခမဲ့ဆော့ဝဲပေါင်း လည်း မနည်းပါဘူး သုံးမလောက်အောင် များပြားပါတယ်။
Developer ဘက်ကကြည့်မယ်ဆိုရင်လည်း အကယ် ၍ Google Play မှာ မိမိ ရေးသားထားတဲ့ app ကိုတင်မယ်ဆိုပါက Registeration fee အနေနဲ့ $25 သာပေးရပါတယ် applicationတစ်ခု က $10 ဆို ပါက developer က $7 ရပါတယ် 30% ကိုတော့ Google ကကြော်ငြာခ ဆိုပြီးတော့ ယူ ပါတယ်။ နောက်ပြီး Android application တစ်ခုရေးဖို့
Android Device ရှိစရာတောင်မလိုပါဘူး ။ ဒါဆို apple နဲ့ယှဉ်ကြည့်လိုက် ပါ Open Sourceရဲ့ အားသာချက်ပါ ။ ဒီလောက်ဆို စာဖတ်သူဟာ Android နဲ့ပက်သတ်တာလေးတွေ ကိုတော့ဗဟုသုတအနေ နဲ့ တော်တော်များများ သိလောက်ပါပြီ။
ဘာတွေဆက်လေ့လာရအုံးမလဲဆိုတာကတော့ Advance User တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ Android ဖုန်းတွေကိုRoot လုပ် နည်း,Firmware upgrade , Firmware Downgrade စတဲ့နည်းပညာလေးတွေကို လေ့လာဖို့လိုအပ်ပါအုံးမယ်။ အပြင်မှာ သင်တန်းတွေအများကြီးရှိပါတယ် ဈေးလည်းကြီးပါ တယ်။
ဘာကြောင့်လဲဆိုတော့ ဒီ course လေးတစ်ခုနဲ့ ဘ၀အသက်မွေး ၀မ်းကြောင်းပြုနိုင်တယ်ဆိုတော့ သင်တန်းကြေးဈေးကြီးတာကတော့ မဆန်းပါဘူး။ ဒါပေမယ့် သင်တန်းမတက်ပဲနဲ့လည်း သိတဲ့နည်းလမ်းတွေ အများကြီးပါ။ ကျွန်တော်ဆိုရင် မိုဘိုင်းသင်တန်းတစ်ခုမှ မတက်ခဲ့ရ ပါဘူး။
ကွန်ပျူတာတောင်မှ အခြေခံနဲ့ ၀င်းဒိုးတင်တာ လေးသိပြီး ကျန်တာတွေကို စာအုပ်တွေ အင်တာနက်တွေကနေ တစ်ဆင့် ကိုယ်တိုင်လေ့လာခဲ့ရတာပါ။စာဖတ်သူက ငွေကြေးမတတ်နိုင်လို့ ဒါမှမ ဟုတ် အချိန်မပေးနိုင်လို့ဆိုရင် မြန်မာလိုရေးသား ထားတဲ့ စာအုပ်တွေဝယ်ဖတ်ပါ။ အင်တာနက်မှာ ၀င်ရှာပါ ဖိုရမ်တွေမှာ ဆွေးနွေးမှာစာအုပ်တွေ ကိုလည်း ဒေါင်းပါ လို့ အကြံပေးချင်ပါ တယ်ဗျာ။
ဖတ်လိုက်ရတဲ့အတွက် လိုအပ်သည်များရှိသည်ဖြစ်စေ ၊ ဗဟုသုတ ရသွားသည်ဖြစ်စေ ကော်မန့်လေးတော့ရေးပေးသွားပါခင်ဗျာ .. ကော်မန့်လေးက စာရေးသူတို့
အားဆေးလေးဖြစ်လို့ပါ။
Credit to : Minsoeyarsar
SubTitle Editor
5:06 AM
No comments

သူငယ်ချင်းအားလုံးမင်္ဂလာပါ။ အိမ်မှာနေပြီးခွေကူးတက်သူများတွက် Subtitle Editor လေးကိုတင်ပေး
လိုက်ပါတယ်။ Subtitle ဆိုတာတော့အထူးပြောနေစရာမလိုတော့ပါဘူး။ လိုချင်ရင်တော့Comment
လေးကိုအရင်ပေးခဲ့ပါနော်။
Credit to : ကိုမောင်ပေါက် , MMIT Developer
Mavis Beacon Teaches Typing Platinum 20
4:42 AM
No comments
ဒီဆော့ဝဲလေးကတော့ Typing ဆော့ဝဲလေးဖြစ်ပါတယ်။ ကွန်ပျူတာကို စတင်လေ့လာ သူများအတွက် ကီးဘုတ် လက်ကွက်များ လေ့ကျင့်ရာမှာတော့ အရမ်းကို ကောင်းမွန်ပါတယ်။ ကမ္ဘာမှာ ရွှေတံဆိပ်ဆုတောင် ချီးမြှင့်ခံခဲ့ရတဲ့ Typing ဆော့ဝဲလေးဖြစ်ပါတယ်။ သင်ခန်းစာတွေကလည်း တဆင့်ပြီး တဆင့် ကောင်းမွန်ပြီး တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ လိုချင်ရင်တော့ အောက်မှာ Download လုပ်ယူနိုင်ပါတယ်။
Zippyshare | Rapidshare | Filecloud | Solidfiles
Zippyshare | Rapidshare | Filecloud | Solidfiles
IDM fake serial number ပြဿနာ ဖြေရှင်းနည်း
4:37 AM
No comments
IDM သုံးတဲ့သူငယ်ချင်းများ အားလုံးပဲ့ အဲဒီ ပြသနာကို ကြုံတွေ့ နေရပြီး တော်တော်လေးကို အခက်တွေ့ နေပါတယ် အဲဒီပြသနာကို ဘယ်လိုမျိုးဖြေရှင်းရမလဲ ဆိုတာကို ကျွန်တော် အောက်မှာ ပုံနဲ့ တကွ ရှင်းပြထားပါတယ်
-
ပထမဦးစွာမိမိစက်ထဲမှာ ရှိတဲ့ IDM ကိုအရင်ဖြုတ်ရမှာဖြစ်ပါတယ်။အဲလိုမျိုးဖြုတ်ဖို့ အတွက် Revo uninstaller, advanced uninstaller, your uninstaller စတဲ့ uninstaller တွေ့ နဲ့ ဖြုတ်တာ ပိုပြီးတော့ကောင်းပါတယ်။ Control panel ထဲက Program and features ထဲကရောဖြုတ်လို့ မရဘူးလားလို့ မေးချင်မေးပါလိမ့်မယ်ဖြုတ်တာကတော့ ကြိုက်တာနဲ့ ဖြုတ်လို့ရပါတယ် IDM ကို Control panel ထဲမှာရှိတဲ့ Program and features နဲ့ဖြုတ်မယ်ဆိုလို့ ရှိလျှင် ကိုယ်ဖြုတ်ချင်တဲ့ Program ရဲ့ data တွေကိုအကုန်လုံးကို ဖျက်ပေးမနိုင်ပါဘူး အဲတာကြောင့် စောစောက ကျွန်တော် ပြောခဲ့တဲ့ uninstaller တွေနဲ့ ဖြုတ်ခိုင်းတာပါ။ကျွန်တော်က advanced uninstaller ကိုအသုံးပြုပြီးတော့ IDM ကိုဖြုတ်ပြပါမယ်... ပုံ(၁) တွင်ကြည့်ပါ
ပုံ(၁) ပုံ(၁)တွင်ပြထားသည့်အတိုင်း advanced uninstaller ကိုဖွင့်ပြီး ညာဘက်ထောင့်မှာ အဝါရောင် လေးနဲ့ uninstaller program ကို click တစ်ချက်နှိပ်လိုက်လျှင် ပုံ (၂) တွင် ပြထားသည့်အတိုင်းမြင်တွေ့ ရမှာပါ
ပုံ(၂)
ပုံ(၂) တွင်ပြထားသည့်အတိုင်း IDM ကို click တစ်ချက်ထောင့်ပြီး လက်ညှိးထိုးပြထားတဲ့ Uninstaller ဆိုတာကို ဆက်နှိပ်လျှင် အောက်ကမှာပြထားတဲ့ ပုံ (၃) ကအတိုင်းမြင်တွေ့ ရမှာပါ
ပုံ(၃)
တစ်ခုသတိထားရမှာ IDM ကိုဖြုတ်တဲ့အချိန်မှာ Internet Download Manager ကို ပိတ်ထားဖို့ လိုပါတယ် တကယ်လိုများမပိတ်ထားဘူးဆိုလို့ရှိရင် Uninstall လုပ်ခွင့်ပေးမှာမဟုတ်ပါဘူး သတိထားစေချင်ပါတယ်အောက်ကပုံတွင် ပုံ (၄) တွင်ဆက်ကြည့်ပါ
ပုံ(၄)
ပုံ (၅)တွင်ပြထားသည့်အတိုင်း finish ကိုဆက်နှိပ်ပါ
ပုံ(၅)
ပုံ(၅)တွင်ပြထားသည့်အတိုင်း finish ကိုနှိပ်လိုက်လျှင် အောက်က ပုံ(၆)တွင်ပြထားတဲ့ Massage Box လေးပေါ်လာပါလိမ့်မည် Ok ကိုမနှိပ်ပဲ Cancel ကိုနှိပ်ပါတကယ်လို့ များမှားပြီးတော့ Ok ကို နှိပ်မယ်ဆိုလို့ ရှိရင် ကွန်ပျူတာဟာ Restart ကျသွားမှာဖြစ်ပြီးတော့ IDM ကို Uninstall လုပ်တာလည်း အထဲက Data တွေကိုကုန်စင်အောင် ဖျက်ပေးမှာမဟုတ်တော့ဘူးအဲတာကြောင့် Cancel ကိုနှိပ်ခိုင်းတာဖြစ်ပါတယ်...ပုံ(၆) တွင်ကြည့်ပါ
ပုံ(၆)
ပုံ(၇)ကအတိုင်း next ကိုဆက်နှိပ်ပါ
ပုံ(၇)
အောက်ကပုံ (၈) အတိုင်း next ကိုဆက်နှိပ်ပါ
ပုံ (၈)
ပုံ(၉)တွင်ပြထားသည့်အတိုင်း ဘယ်ဘက်အောက်နားလေးမှာရှိတဲ့ select ကို click တစ်ချက်နှိပ်ပြီး select all ဆိုတာလေးကို ရွေးပေးလိုက်ပါပြီးလျှင် next ကိုဆက်နှိပ်ပါ
ပုံ(၉)
ပုံ(၁၀)မှာလည်း ပုံ(၉)တွင်ပြောခဲ့သလိုပဲ့ select တွင် select all ဆိုတာကိုရွေးပေးပြီး next ကိုဆက်နှိပ်ပါ
ပုံ(၁၀)
ပုံ (၁၀)တွင်ပြထားသည့်အတိုင်း next ကိုဆက်နှိပ်လိုက်ပါ ပြီးလို့ရှိရင် Ok ပေါ်လာပါလိမ့်မည် Ok ကို ဆက်နှိပ်ပါ...ပြီးလျှင် computer ကို Restart ချလိုက်ပါ။Restart ချပြီးပြန်တက်လာလျှင် IDM ကို Uninstall လုပ်တာပြီးဆုံးသွားပါပြီ။အခုဆက်လုပ်ရမှာက hots ဖိုင်ကို Download လုပ် ရ မှာ ဖြစ်ပါတယ် hots ဖိုင်ကို ဒီမှာ ယူပါ...ပြီးရင် IDM နောက်ဆုံးထွက် version ကို ဒီမှာ download လုပ်ယူပါ။ Download လုပ်ပြီးလျှင် Internet ကိုခဏပိတ်ထားပါ။Download လုပ်လို့ ရလာတဲ့ hots ဖိုင်ကိုအရင်ဆုံး copy ကူးပြီးတော့ computer ထဲက (C:\Windows\system32\drivers\etc\)ထဲမှာရှိတဲ့ hots ဖိုင်ကိုဖျက်ထုတ်လိုက်ပြီးတော့ Download လုပ်လို့ ရလာတဲ့ hots ဖိုင်ကိုထည့်ပါ အောက်က ပုံ(၁၁)၊ (၁၂)၊ (၁၃)၊ (၁၄)၊ (၁၅)၊ (၁၆) တွင်ကြည့်ပါ
ပုံ(၁၁)
ပုံ(၁၂)
ပုံ(၁၃)
ပုံ(၁၄)
ပုံ(၁၅)
ပုံ(၁၆)
ပုံ(၁၆) မှာပြထားသည့်အတိုင်း hots ဖိုင်ကိုဖျက်ထုတ်ပြီး Download လုပ်လို့ ရလာတဲ့ hots ဖိုင်ကို အစားထိုးထည့်ပေးလိုက်ပါ။ ပြီးလို့ ရှိရင်ဒုတိယ Download လုပ်လို့ ရလာတဲ့ IDM ကို Install လုပ်ပါ။အရင်ကလုပ်နေတဲ့ပုံစံအတိုင်း patch ဖိုင်ဖြင့် license ဖြစ်အောင်ပြုလုပ်ပါ။ပြီးလျှင် start menu button ထဲကိုဝင်ပြီး Internet Download Manager ကို right click ထောင့်ပြီး run as administrator ကို click တစ်ချက်ပြီးဖွင့်ပါ...ပြီးရင် Internet ကိုပြန်ဖွင့်ပြီးအသုံးပြုနိုင်ပါပြီ
ကိုညီနေမင်း ဆိုက်မှ ပြန်လည်ကူးယူဖေါ်ပြထားခြင်းဖြစ်ပါသည်။
IDM သုံးတဲ့သူငယ်ချင်းများ အားလုံးပဲ့ အဲဒီ ပြသနာကို ကြုံတွေ့ နေရပြီး တော်တော်လေးကို အခက်တွေ့ နေပါတယ် အဲဒီပြသနာကို ဘယ်လိုမျိုးဖြေရှင်းရမလဲ ဆိုတာကို ကျွန်တော် အောက်မှာ ပုံနဲ့ တကွ ရှင်းပြထားပါတယ်
- ပထမဦးစွာမိမိစက်ထဲမှာ ရှိတဲ့ IDM ကိုအရင်ဖြုတ်ရမှာဖြစ်ပါတယ်။အဲလိုမျိုးဖြုတ်ဖို့ အတွက် Revo uninstaller, advanced uninstaller, your uninstaller စတဲ့ uninstaller တွေ့ နဲ့ ဖြုတ်တာ ပိုပြီးတော့ကောင်းပါတယ်။ Control panel ထဲက Program and features ထဲကရောဖြုတ်လို့ မရဘူးလားလို့ မေးချင်မေးပါလိမ့်မယ်ဖြုတ်တာကတော့ ကြိုက်တာနဲ့ ဖြုတ်လို့ရပါတယ် IDM ကို Control panel ထဲမှာရှိတဲ့ Program and features နဲ့ဖြုတ်မယ်ဆိုလို့ ရှိလျှင် ကိုယ်ဖြုတ်ချင်တဲ့ Program ရဲ့ data တွေကိုအကုန်လုံးကို ဖျက်ပေးမနိုင်ပါဘူး အဲတာကြောင့် စောစောက ကျွန်တော် ပြောခဲ့တဲ့ uninstaller တွေနဲ့ ဖြုတ်ခိုင်းတာပါ။ကျွန်တော်က advanced uninstaller ကိုအသုံးပြုပြီးတော့ IDM ကိုဖြုတ်ပြပါမယ်... ပုံ(၁) တွင်ကြည့်ပါပုံ(၁) ပုံ(၁)တွင်ပြထားသည့်အတိုင်း advanced uninstaller ကိုဖွင့်ပြီး ညာဘက်ထောင့်မှာ အဝါရောင် လေးနဲ့ uninstaller program ကို click တစ်ချက်နှိပ်လိုက်လျှင် ပုံ (၂) တွင် ပြထားသည့်အတိုင်းမြင်တွေ့ ရမှာပါပုံ(၂)ပုံ(၂) တွင်ပြထားသည့်အတိုင်း IDM ကို click တစ်ချက်ထောင့်ပြီး လက်ညှိးထိုးပြထားတဲ့ Uninstaller ဆိုတာကို ဆက်နှိပ်လျှင် အောက်ကမှာပြထားတဲ့ ပုံ (၃) ကအတိုင်းမြင်တွေ့ ရမှာပါပုံ(၃)တစ်ခုသတိထားရမှာ IDM ကိုဖြုတ်တဲ့အချိန်မှာ Internet Download Manager ကို ပိတ်ထားဖို့ လိုပါတယ် တကယ်လိုများမပိတ်ထားဘူးဆိုလို့ရှိရင် Uninstall လုပ်ခွင့်ပေးမှာမဟုတ်ပါဘူး သတိထားစေချင်ပါတယ်အောက်ကပုံတွင် ပုံ (၄) တွင်ဆက်ကြည့်ပါပုံ(၄)ပုံ (၅)တွင်ပြထားသည့်အတိုင်း finish ကိုဆက်နှိပ်ပါပုံ(၅)ပုံ(၅)တွင်ပြထားသည့်အတိုင်း finish ကိုနှိပ်လိုက်လျှင် အောက်က ပုံ(၆)တွင်ပြထားတဲ့ Massage Box လေးပေါ်လာပါလိမ့်မည် Ok ကိုမနှိပ်ပဲ Cancel ကိုနှိပ်ပါတကယ်လို့ များမှားပြီးတော့ Ok ကို နှိပ်မယ်ဆိုလို့ ရှိရင် ကွန်ပျူတာဟာ Restart ကျသွားမှာဖြစ်ပြီးတော့ IDM ကို Uninstall လုပ်တာလည်း အထဲက Data တွေကိုကုန်စင်အောင် ဖျက်ပေးမှာမဟုတ်တော့ဘူးအဲတာကြောင့် Cancel ကိုနှိပ်ခိုင်းတာဖြစ်ပါတယ်...ပုံ(၆) တွင်ကြည့်ပါပုံ(၆)ပုံ(၇)ကအတိုင်း next ကိုဆက်နှိပ်ပါပုံ(၇)အောက်ကပုံ (၈) အတိုင်း next ကိုဆက်နှိပ်ပါပုံ (၈)ပုံ(၉)တွင်ပြထားသည့်အတိုင်း ဘယ်ဘက်အောက်နားလေးမှာရှိတဲ့ select ကို click တစ်ချက်နှိပ်ပြီး select all ဆိုတာလေးကို ရွေးပေးလိုက်ပါပြီးလျှင် next ကိုဆက်နှိပ်ပါပုံ(၉)ပုံ(၁၀)မှာလည်း ပုံ(၉)တွင်ပြောခဲ့သလိုပဲ့ select တွင် select all ဆိုတာကိုရွေးပေးပြီး next ကိုဆက်နှိပ်ပါပုံ(၁၀)ပုံ (၁၀)တွင်ပြထားသည့်အတိုင်း next ကိုဆက်နှိပ်လိုက်ပါ ပြီးလို့ရှိရင် Ok ပေါ်လာပါလိမ့်မည် Ok ကို ဆက်နှိပ်ပါ...ပြီးလျှင် computer ကို Restart ချလိုက်ပါ။Restart ချပြီးပြန်တက်လာလျှင် IDM ကို Uninstall လုပ်တာပြီးဆုံးသွားပါပြီ။အခုဆက်လုပ်ရမှာက hots ဖိုင်ကို Download လုပ် ရ မှာ ဖြစ်ပါတယ် hots ဖိုင်ကို ဒီမှာ ယူပါ...ပြီးရင် IDM နောက်ဆုံးထွက် version ကို ဒီမှာ download လုပ်ယူပါ။ Download လုပ်ပြီးလျှင် Internet ကိုခဏပိတ်ထားပါ။Download လုပ်လို့ ရလာတဲ့ hots ဖိုင်ကိုအရင်ဆုံး copy ကူးပြီးတော့ computer ထဲက (C:\Windows\system32\drivers\etc\)ထဲမှာရှိတဲ့ hots ဖိုင်ကိုဖျက်ထုတ်လိုက်ပြီးတော့ Download လုပ်လို့ ရလာတဲ့ hots ဖိုင်ကိုထည့်ပါ အောက်က ပုံ(၁၁)၊ (၁၂)၊ (၁၃)၊ (၁၄)၊ (၁၅)၊ (၁၆) တွင်ကြည့်ပါပုံ(၁၁)ပုံ(၁၂)ပုံ(၁၃)ပုံ(၁၄)ပုံ(၁၅)ပုံ(၁၆)ပုံ(၁၆) မှာပြထားသည့်အတိုင်း hots ဖိုင်ကိုဖျက်ထုတ်ပြီး Download လုပ်လို့ ရလာတဲ့ hots ဖိုင်ကို အစားထိုးထည့်ပေးလိုက်ပါ။ ပြီးလို့ ရှိရင်ဒုတိယ Download လုပ်လို့ ရလာတဲ့ IDM ကို Install လုပ်ပါ။အရင်ကလုပ်နေတဲ့ပုံစံအတိုင်း patch ဖိုင်ဖြင့် license ဖြစ်အောင်ပြုလုပ်ပါ။ပြီးလျှင် start menu button ထဲကိုဝင်ပြီး Internet Download Manager ကို right click ထောင့်ပြီး run as administrator ကို click တစ်ချက်ပြီးဖွင့်ပါ...ပြီးရင် Internet ကိုပြန်ဖွင့်ပြီးအသုံးပြုနိုင်ပါပြီ
ကိုညီနေမင်း ဆိုက်မှ ပြန်လည်ကူးယူဖေါ်ပြထားခြင်းဖြစ်ပါသည်။