Wednesday, September 4, 2013
Mycelium
6:55 PM
No comments
Mycelium is the vegetative part of a fungus, consisting of a mass of branching, thread-like hyphae. The mass of hyphae is sometimes called shiro, especially within the fairy ring fungi. Fungal colonies composed of mycelium are found in soil and on or within many other substrates. A typical single spore germinates into a homokaryotic
mycelium, which cannot reproduce sexually; when two compatible
homokaryotic mycelia join and form a dikaryotic mycelium, that mycelium
may form fruiting bodies such as mushrooms. A mycelium may be minute, forming a colony that is too small to see, or it may be extensive:
Life
7:48 AM
1 comment
| Life (Biota / Vitae / Eobionti) | |
|---|---|
| Plants in the Rwenzori Mountains, Uganda | |
| Scientific classification |
|
| Domains and kingdoms | |
|
Life on Earth: |
Roots of Common Terms in Plant Biology
5:37 AM
No comments
Roots: words and plants both have them.
(L – Latin, G – Greek)
Angiosperm
angio = case or capsule (G); sperm = seed (G)Antheridium
(plural antheridia): anthe = pollen or bloom (L); idium = small (G)Apical
5:10 AM
No comments
Earthworm
From Wikipedia, the free encyclopedia
| Earthworm | |
|---|---|
| Amynthas sp., a common Asian earthworm often cosmopolitan and introduced around |
Biological Terms
5:08 AM
No comments
Alternation Of Generations
The generalized life cycle of plants. Unlike humans, who are structurally pretty much the same from one generation to the next, plants alternate lifestyles between generations. A haploid, gametophyte generation is followed by a diploid, sporophyte generation, which gives rise to another haploid, sporophyte generation. Alternation of generations originated in algae (which aren’t plants, for the record), but in most land plants, the sporophyte and gametophyte generation look completely different from each other.Angiosperm
Sunday, September 1, 2013
ဦးပိန်တံတားသမိုင်း
5:46 PM
No comments
1.9.2013
ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်တွင် ဦးပိန်တံတားကို တည်ဆောက်ခဲ့သည်။
ပုဂံမင်းမှာ ကြက်၊ငှက် အစရှိသည်သာမက အခြားသော တိရိစ္ဆာန်များကိုပါ ဖမ်းဆီး၍
တိုက်ပွဲကစားသည်ကို
လွှတ်တော်၏ ၂၀၀၈ ချိုးဖောက်မှုများ.....
5:06 PM
No comments
မြန်မာနိုင်ငံ၏၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးအာဏာ ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာအားလုံးမှာ အခြေခံဥပဒေအောက်တွင်သာ ရှိရမည် ။ သမ္မတအပါအ၀င်၊ လွှတ်တော်သည်လည်းကောင်း ၊ တရားစီရင်ရေး အာဏာသည်လည်းကောင်း အခြေခံဥပဒေ အရသာဖြစ်ရမည် ။ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဆန့် ကျင်၍မရ ။
ဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ အငြင်းပွားစရာဖြစ်လာခဲ့ပါလျှင် ဖွဲ့ စည်းပုံအခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ပေးရမည်လို့  အဆိုရှိပါတယ် ။
သို့ သော် ခုံရုံးသည်လွှတ်တော်၏ အဓ္ဓမကျင့်ခြင်း ကို လက်မြှောက်ပေးခဲ့ရသည် ။ တစ်နည်းဆိုရသော် စစ်တပ်အကြိုက်ရေးဆွဲခဲ့သည့် ဥပဒေ ၊ လူထုလက်မခံနိုင်သည့်ဥပဒေ၏ စတင်ယိမ်းယိုင်လာမှုအဖြစ် ပြည်သူကတော့ စောင့်ကြည့်ရုံသာ ။သမ္မတနှင့်လွှတ်တော်၏ အင်အားပြိုင်မှုကို သံသယဖြင့်သာ ပွဲကြည့်သကဲ့သို့  စောင့်ကြည့် ခဲ့ကြပါတယ် ။
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ၊ အခန်း(၁) နိုင်ငံတော်အခြေခံမူများ အခန်းပုဒ်မ (၄) တွင် ၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးတွင် တည်သည်ဟု ဖော်ပြထားသော်လည်း လွှတ်တော်၏ လုပ်ဆောင်ချက်များသည် တဖြေးဖြေးနှင့် အချုပ်အခြာအာဏာကို ပြည်သူ့ ထံမှ မောင်ပိုင် စီးလိုသည့် အသွင်သို့  ပြောင်းလဲလာနေတာကို တွေ့ နေရပါတယ် ။
ဥပမာ(၁) ။ ။ ၂၀၁၁ ၊ ဒီဇင်ဘာ (၂)ရက်နေ့ တွင် သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် နာမည်ကျော်ပုဒ်မ(၁၈) မှာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ ၊ ပုဒ်မ (၃၅၄)(ခ) အရ ပေးထားသည့် နိုင်ငံသားများ၏ အခွင့်အရေးဖြစ်သည့် ၊ နိုင်ငံသားတိုင်းတွင် လက်နက်မပါပဲ ၊ ငြိမ်းချမ်းစွာစုဝေးခွင့် ၊ စီတန်းလှည့်လည်ခွင့် တို့ ကို တားမြစ်သည့် ၊ သမ္မတနှင့် လွှတ်တော်မှ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုချိုးဖောက်ခြင်း ဖြစ်ပါသည် ။
ဥပမာ (၂) ။ ။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၈) ၊ နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် တာဝန်များ ၊ ပုဒ်မ (၃၆၉)(ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလည် ကို ဥပဒေနှင့်အညီ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသည် ။
အခန်း(၉) ပုဒ်မ(၃၉၆) (ခ) ၊သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့ ကတာဝန်မှပြန်လည်ရုပ်သိမ်းလိုသောလွှတ်တော်ကိုယ်စားလည်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတင်ပြရမည် ။ ထို့ အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၆.၁၁. ၂၀၁၂ နေ့ မှာလွှတ်တော်ကိုယ်စားလည်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ကို ပြည်သူ့ လွှတ်တော်သို့  တင်သွင်းခဲ့ပါတယ်။
ထိုဥပဒေကြမ်းကို အကြောင်းမဲ့ ဆိုင်းငံ့ထားခဲ့တဲ့အပြင် ၊ မလွှဲမရှောင်သာ လွှတ်တော်ကို တင်သွင်းလာခဲ့တဲ့အခါမှာလည်းအကြောင်းအမျိုးမျိုးပြပြီး ဥပဒေအဖြစ် မပြဌန်းသင့်သေးကြောင်း ဆွေးနွေးလာခဲ့ပါတယ် ။ တပ်မတော်သားကိုယ်စားလည် တွေနဲ့ ပြည်ခိုင်ဖြိုးအမတ်တွေ အခြေအတင်ဖြစ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့ စည်းဆောင်ရွက်နေစဉ်ကာလအတွင်း ခေတ္တဆိုင်းငံ့ထားရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်တဲ့ ။
ဥပမာ(၃) ။ ။ ဒေါက်တာအေးမောင်တင်သွင်းသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ(၄) ၊ပုဒ်မခွဲ(က)" နိုင်ငံသား၊ ဧည့်နိုင်ငံသား ၊ နိုင်ငံသားပြုခွင့်ရသူ ၊ (သို့ ) ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း " ဆိုသည့် စကားရပ်အစား " နိုင်ငံသားဖြစ်ခြင်း " ဟု ပြင်ဆင်သင့်ကြောင်းတင်သွင်းချက်ကို ပြည်ခိုင်ဖြိုးပါတီ မှ ဦးလှဆွေ မှ အဆိုပါအချက်သည် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ချိုးဖောက်နေသည့်အတွက် ကန့် ကွက်ကြောင်းပြောကြားခဲ့သည် ။အဆိုပါ ၀ှိုက်ကဒ်များကြောင့်ပင် လက်ရှိမြန်မာပြည်မှာ မငြိမ်းနိုင်သည့် လူမျိုးရေး ဘာသာရေးမီးတောက်နေသည်ကိုသိပါလျက် သူတို့ ထုတ်ပေးခဲ့သည့် ၀ှိုက်ကဒ်ရဘင်္ဂလီ လူဦးရေ ခုနစ်သိန်းသုံးထောင်တစ်ရာကိုးဆယ့်ငါးယောက်ကို ၂၀၀၈ဖွဲ့ စည်ပုံအရဆိုပြီး လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ဆက်လက်မြေတောင်မြှောက်လိုသည့် သဘော ဆန္ဒကို ထုတ်ဖော်သွားခဲ့ပါတယ် ။
ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေးကော်မတီ ဖွဲ့ ပြီဆိုတဲ့ အချိန်ကာလတွေတုန်းကတော့ ပြည်သူတွေအကျိုးအတွက် အသုံးမ၀င်မဲ့အမှိုက်တွေကို တစစပြန်လည်ရှင်းထုတ်ဖို့ တော့ ဖြစ်နိုင်ခြေ နီးလာပြီလို့  တိတ်တဆိတ် မျှော်လင့်ကြည့်ခဲ့ဖူးကြတာပါ ။ အခုဖြစ်နေတဲ့ပုံစံတွေအရတော့ အခုရှိပြီးသား ၊သူတို့ စိတ်ကြိုက်ရေးဆွဲထားပြီးသား ဥပဒေကိုတောင် မလုံလောက်သေးဘူးထင်ပြီး ၊ ပြည်သူကိုထပ်မံဖိနှိပ်ဖို့ ၊ ကြိုးစားနေကြသလားပဲဆိုတာ သံသယ ရှိချင်စရာပါ ။
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို လူတစ်ဦးယောက် ၊ဒါမှမဟုတ် အဖွဲ့ အစည်းတစ်ခုအတွက် ပြည်သူ့ သဘောထားမပါပဲ ဇွတ်အတင်းအတည်ပြု အသက်ဝင်စေခဲ့ပြီးတယ် ဆိုတာကို အငြင်းပွားစရာမရှိပါဘူး။ ဒါနဲ့ တောင်မှ မလုံလောက်သေးဘူး ထင်ပြီးတော့ အဲဒီအခြေခံဥပဒေကိုပါ ကိုယ့်စိတ်တိုင်းကျကိုယ် ရေပက်မ၀င်အောင် ထုတ်ခဲ့ကြတာကိုတောင်မှ ကိုယ်တိုင်လေးစား မလိုက်နာပေးနိုင်ပါပဲနဲ့  ပြည်သူကိုကြမှ ၊ ဟိုလို လိုက်နာရမယ်၊ ဒီလိုလိုက်နာရမယ် လုပ်သင့်ပါရဲ့ လား။ စဉ်းစား ကြည့်စေချင်ပါတယ် ။
ပြောတော့ ဒီမိုကရေစီအစိုးရပါလို့  ပြောတယ် ။ အစိုးရအဖွဲ့ တွေကို စာရင်းစစ်ရမယ့် စာရင်းစစ်ချုပ်က်ုဖြုတ်ပြတယ် ။ " ငါ့ စိတ်ကြိုက်ဖြစ်ရမယ် " ဆိုတဲ့သတင်းစကားကို ပါးတယ် ။ ပိုပြီးအရေးကြီးတာက ၂၀၀၈ ဥပဒေတစ်ခုလုံးမှာနိုင်ငံရေးအရ စစ်တပ်ကို ထိန်းချုပ်နိုင်တဲ့ အခြေခံဥပဒေပုဒ်မ တစ်ခုတစ်လေမှ ပါတာမတွေ့ ရပဲ ၊ စစ်တပ်ကသာတိုင်းပြည်အာဏာကို သိမ်းနိုင်တဲ့ပုဒ်မတွေ ၊ အမြဲတမ်းဝင်ရောက်စွက်ဖက်ခွင့်တွေကိုသာ ရက်ရက်ရောရော ပေးထားခဲ့ပါတယ် ။ တစ်ကယ်တော့ နိုင်ငံတစ်ခုမှာ စစ်တပ်က နိုင်ငံရေးကို ၀င်ရောက်စွက်ဖက်နိုင်နေသမျှ ၊ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကို လုပ်ပိုင်ခွင့်တွေ ၊လွှမ်းမိုးပိုင်ဖို့ အခွင့်အလမ်းတွေ ပေးထားသမျှ အဲဒီတိုင်းပြည်မှာ ဘယ်တော့မှဒီမိုကရေစီ စနစ်ဆီကို မသွားနိုင်ပါဘူး ။ သွားဟန်ပဲ ဆောင်နိုင်ပါလိမ့်မယ် ။ ဟန်ဆောင်ပန်ဆောင် ဒီမိုကရေစီ ဆီသို့ ပါ။
၁၉၆၂ ခုနှစ်အာဏာသိမ်းမှုရဲ့  နောက်ကွယ်မှာ စစ်ဘက်သက်သာချောင်ချိရေးအရောင်းဆိုင် ၊ ဒီအက်(စ်)အိုင် အရင်းအနှီးကိုအခြေပြုပြီး ၊ မြန်မာ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းကို ဖွဲ့ စည်းကာ စစ်တပ်ဘတ်ဂျက်ကို အသုံးပြုပြီးစီးပွားရေးလုပ်ငန်းကြီးကို လုပ်ကိုင်ခဲ့ကြရာမှာ ပါလီမန်အစိုးရ စီးပွားရေးကိုပင် ကျော်လွှားနိုင်မည့်အခြေအနေသို့ ဆိုက်ရောက်ခဲ့ပါတယ် ။
ဒီနေ့ မှာလည်း အဲဒီအချိန်တုန်းကလိုပါပဲ ။ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နဲ့  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် ဓနဥစ္စာက မြန်မာပြည်စီးပွားရေးလုပ်ငန်းအားလုံးရဲ့  80 % ကိုချုပ်ကိုင်ထားတာပါ ။ အဲဒီအရင်းအနှီးဟာ စစ်တပ်ပိုင်ဖြစ်လို့ စစ်တပ်ဟာ ဒါကိုကာကွယ်ဖို့  မဖြစ်မနေ လုပ်ဆောင်ပါလိမ့်မယ်ဆိုတာ လက်ပန်းတောင်းတောင်က ကျွန်တော်တို့  မသိမသာ မြင်လိုက်ရတဲ့ အသေးအဖွဲလေးပဲ ရှိပါသေးတယ် ။
စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းကြီးတွေ ကြီးထွားလာခြင်းဟာ ပြည်သူနဲ့ တိုင်းပြည်ကို အမြဲခြိမ်းခြောက်နေတဲ့အန္တရာယ်တွေပါ ။ ပြည်သူ့ အကျိုးစီးပွားဆိုတာဟာ စစ်တပ်ရဲ့  အကျိုးစီးပွားနဲ့  နှိုင်းယှဉ်လာခဲ့ရင် အမြဲတန်းအောက်မှာပဲဆိုတာဟာ လက်ပတောင်းတောင်ထက် ကောင်းတဲ့ဥပမာ လောလောဆယ်မှာ မရှိပါဘူး ။ဒီနေရာမှာ စဉ်းစားကြည့်ပါ ဦးပိုင်ဟာ တပ်မတော်ပိုင် ဆိုသော်လည်း အောက်ခြေက တပ်မတော်သားအများစုအကျိုးခံစားခွင့် အမှန်တကယ်ရမရ ဆိုတာဟာ ဆင်းရဲမွဲတေမြဲ မွဲတေနေတဲ့ ရဲဘော်အများစုနဲ့ ၊ လခအပြင် ဘာမှ မရှိတဲ့ သာမန်စစ်ဗိုလ်အများစုက သက်သေပါ ။
ဒါဆိုရင် ဦးပိုင် ဘာလဲ ဘယ်လဲဆိုတာ စဉ်းစားကြည့်စရာ မလိုတဲ့ကိစ္စပါ ။ ကမ္ဘာပေါ်မှာ တစ်နှစ်ကို အမြတ်ငွေ 30 %ပေးနိုင်တဲ့ စီးပွားရေးလုပ်ငန်းဆိုတာ ကမ္ဘာမှာတောင် ရှာမှရှားပါလိမ့်မယ် ။ ဦးပိုင်မှာ အရာရှိကြီးပေါင်းများစွာဟာတပည့်လက်သားတွေ နာမည်နဲ့ ပါ အပ်ငွေထည့်ထားကြတာ အများအပြားပါ ။ အရာရှိကြီးတစ်ယောက်ကို သိန်း၅၀ထည့်ဝင်ထားခဲ့ရင် တစ်နှစ်ကို အမြတ်ငွေ ၁၅ သိန်းပေးနိုင်ပါတယ် ။
အဲဒီတော့ပြောချင်တာက သူတို့ တွေတောင် ဒီလောက်ဆိုရင် ၊ ရိုးသားလှပါတယ်ဆိုတဲ့ ဘပြောင်တို့ ၊ ထမင်းဆိုင်ကဘဘကြီးတို့  ၊ ကော်ဖီဆိုင်ကဘဘကြီးတို့ ၊ ချိုမိုင်မိုင် ကပြချင်နေတဲ့ ဘဘမန်းတို့  ဆိုရင် ဘယ်လောက်များလှလေမလဲ။လွှတ်တော်ထဲက ၂၅ % ကရော ၊ဘာကို ကာကွယ်ကြမှာပါလဲ ။ ဘယ်သူ့ ကို ကာကွယ်ကြမှာပါလဲ ။
အမေရိကန် ယေးတက္ကသိုလ်က သမိုင်းပါမောက္ခ ပေါလ်ကင်နဒီ တော့ပြောခဲ့ပါတယ် ။ ယနေ့ နိုင်ငံတကာ စနစ်ကြီးထဲမှာဓနဥစ္စာနှင့် အင်အား ၊ စီးပွားရေးနှင့် စစ်အင်အား တို့ သည် တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်သဘောအရသာ တည်ရှိနေကြခြင်းဖြစ်ပါတယ် တဲ့။ စစ်အင်အားကို တိုးချဲ့ ရန်အတွက် ဓနဥစ္စာ အမြဲတမ်းလိုသည် ။ ဓနဥစ္စာကို ရရှိနိုင်ရန်နှင့် ရရှိထားသောဓနဥစ္စာကို ထိန်းသိမ်းရန်အတွက် စစ်အင်အားလည်း အမြဲတမ်းလိုသည်....တဲ့။
အဲဒါကြောင့် ပြောပါတယ် ။ လူမျိုးရေး ဘာသာရေး အဓိကရုန်းတွေ ၊ မငြိမ်းချမ်းသေးတဲ့ပြည်တွင်းငြိမ်းချမ်းရေးတွေလွှတ်တော်ထဲက ဟန်ဆောင်ပန်ဆောင် ရန်ပွဲတွေ ၊ သမ္မတကြီးရဲ့  လ ၃၀ စီမံချက်တွေ ၊ တိုင်းပြည်ဘဏ္ဍာတစ်ဝက်တိတိရမှ ငြိမ်းချမ်းရမယ့် ပြည်တွင်းစစ်တွေ ၊ ဥပဒေကြမ်းစီစစ်ဆေးရေး ကော်မတီကြီးတွေ ။ ဘာတွေပဲပြောပြောပါ ။ကျွန်တော်ပြောခဲ့ပါတယ် ။ သူတို့ အားလုံးကို တွယ်ယှက်စေးကပ်ထားစေတဲ့အရာ ၊ အတူတစ်ကွ ပူးပေါင်းကာကွယ်ကြမယ့်အရာက တူညီတဲ့ ဘုံအကျိုးစီးပွား ပါလို့  ။
ပြည်ချစ်သူ