• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Sunday, June 2, 2013

ဝင်ကြည့်သင့်တဲ့ ပညာရေးဆိုင်ရာ Website များ


1. COURSERA
https://www.coursera.org/



လူတိုင်းအတွက် ပညာရေးနဲ့ပတ်သက်ပြီး ရယူနိုင်အောင် စီစဉ်ပေးထားတယ်။ ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေက အခမဲ့ပေးနေတဲ့ အွန်လိုင်း သင်ခန်းစာတွေကို ရယူလေ့ လာနိုင်ပါတယ်။ အထူးသဖြင့် Princeton နဲ့ Michigan တက္ကသိုလ်က သင်ကြားပို့ချချက်တွေကို လေ့လာနိုင်ပါတယ်။ လေ့လာစရာ ခေါင်းစဉ်နဲ့ ဘာသာရပ်ဆိုင်ရာ အကြောင်းတွေကတော့ အများကြီးပါပဲ။ သင်ကြားမှု တွေကလည်း ဗ်ီဒီယို clip နဲ့ဆိုရင် တစ်ပုဒ်ကို ၁၅ မိနစ်စာလောက်ပဲ စီစဉ်ထားတာ များတယ်။ အပိုဆုအနေနဲ့ ဂိမ်းလေးတွေ ဆော့နိုင်သလို၊ ကိုယ်ကြိုက်တဲ့အချိန်မှာ လေ့လာသင်ယူနိုင်ခွင့်ရှိတဲ့အတွက် အား ထားစရာ site တစ်ခုဖြစ်ပါတယ်။




2. UDACITY
 
 အခမဲ့ ပညာရေးဆိုင်ရာ website တစ်ခုဖြစ် ပါတယ်။ Stanford တက္ကသိုလ်က စက်ရုပ်တီထွင်သူ ပညာရှင် ၄ ဦးပေါင်းပြီး ထူထောင် ထားတဲ့ website ဖြစ်ပါတယ်။ သင်ခန်းစာပေါင်း လက်ရှိ ၁၁ မျိုးကို ခွဲပြီးတော့ လေ့ လာနိုင်အောင် စီစဉ်ပေးထားတယ်။ အထူး သဖြင့် သင်္ချာနဲ့ သိပ္ပံဆိုင်ရာ အကြောင်း အရာတွေဖြစ်ပါတယ်။ ကိုယ်သိချင်တာတွေကို ဆက်ပြီးလေ့လာနိုင်အောင် လမ်းညွှန် ပေးထားတာတွေလည်း အများကြီးရှိပါ တယ်။ လေ့လာမှုနဲ့ ပတ်သ်ကပြီး အကန့် အသတ်တွေ လုပ်မထားပါဘူး။ ဘာတွေလို အပ်တယ်ဆိုတာလည်း ကန့်သတ်ချက်တွေ လုပ်မထားဘူး။ ကြိုက်တာကို လေ့လာဖတ် မှတ်ခွင့်ရှိတယ်။ အခမဲ့ ရယူလေ့လာနိုင်တာ ကြောင့် အပြစ်ပြောစရာလည်း ရှိမယ်မထင်ပါဘူး။


3. OPEN CULTURE
http://www.openculture.com/
 

ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာအကြောင်းတွေကို အဆင့်မြင့်မြင့်နဲ့ လေ့လာနိုင်အောင် စီစဉ်ထားတဲ့ မ်ီဒီယာ site တစ်ခုဖြစ်ပါတယ်။  သင်ခန်းစာပေါင်း ၄ဝဝ ကျော်ကို အွန်လိုင်းပေါ်မှာ စုစည်းပေးထားတယ်။ အထူးသဖြင့် အထက်တန်းနာမည်ကျော်တက္ကသိုလ်ကြီးတွေဖြစ်တဲ့ Stanford, UCLA, Columbia, Oxford တက္ကသိုလ်ကြီးတွေက သင်ကြားပို့ချချက်တွေကို တင်ပေးထားတယ်။ သိပ္ပံ၊ ဝိဇ္ဇာ၊ သင်္ချာနဲ့ စီးပွားရေးဆိုင်ရာ ပို့ချချက်တွေကို လေ့လာနိုင်ပါတယ်။ ၁၉၄ဝ နဲ့ ၁၉၅ဝ ဝန်းကျင်လောက်က ဂန္ထဝင်ဂီတပွဲ တွေကို အခမဲ့ကြည့်ရှုနိုင်အောင် စီစဉ်ပေ ထားတာကိုတော့ လက်ဖျားခါမိတယ်။





4. TED-ED
 TED ဆိုတာ တကယ့်ကောင်းတဲ့ သင်ကြား ပို့ချချက်တွေကို ရှည်ရှည်ဝေးဝေး နိဒါန်း တွေပျိုးမနေဘဲ သင်ကြားပို့ချပေးနေတဲ့နေရာလို့ လူသိများတယ်။ အကြောင်းအရာတွေကို အရှင်းလင်းဆုံးလေ့လာသင်ယူနိုင် အောင် စီစဉ်ပေးထားတယ်။ အထူးသဖြင့် ဗ်ီဒီယိုပြကွက်တွေနဲ့ အထူးပြုလုပ်ချက်တွေ ပါတဲ့ ရှင်းလင်းချက် တွေဟာ အံ့ဩစရာ ကောင်းလောက်အောင် လေ့လာဖို့ကောင်းတယ်။ ခေါင်းစဉ်ပေးထားတာတွေကလည်း  ‘‘ရိုးသားသောစာလုံးများ၏စွမ်းအား”  နဲ့ ‘‘စကြဝဠာဘယ်နှမျိုးရှိပါသလဲ” ဆိုတာမျိုး တွေကြောင့် စိတ်ဝင်စားပြီး လေ့လာကြည့် ချင်မှာသေချာတယ်။ ဗီဒီယိုပြကွက်တစ်ခုကို ၁ဝ မိနစ်စာလောက် စီစဉ်ထားတယ်။ ဉာဏ်စမ်း ပဟေဠိမေးခွန်းတွေ၊ ဆွေနွေးမေး မြန်းခန်းတွေကိုလည်း ဝင်ရောက်လေ့လာရင် ဗဟုသုတများစွာရနိုင်ပါတယ်။

5. MENTORMOB
http://www.mentormob.com/

သင်ကြားမှု သင်ယူမှုဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေကို လေ့လာနိုင်တဲ့ website တစ်ခုဖြစ်ပါတယ်။ MentorMob ဟာ YouTube နဲ့ အသွင်တူပါတယ်။ ကိုယ်တိုင်ဖန်တီးချက်တွေကို တင်နိုင်သလို အခြားသူတွေရဲ့ ဖန်တီးချက်တွေကိုလည်း လေ့လာနိုင်ပါတယ်။ ဒီ site ဟာ အသင်း အဖွဲ့ပုံစံတစ်ခုအနေနဲ့ ထူထောင်ထားတာကြောင့် အဖွဲ့ဝင်ဖို့တော့လိုမယ်။ ကိုယ့်စိတ်ကူးလေးတွေ အတွေ့အကြုံလေးတွေကို အပြန်အလှန် share လုပ်နိုင်ကြလို့ စိတ်ဝင် စားဖို့ကောင်းတယ်။



6. MEMRISE


သိပ္ပံ၊ ပျော်ရွှင်စရာ၊ လူမှုရေးလုပ်ငန်းတွေ အကြောင်း လေ့လာနိုင်တဲ့ site တစ်ခုဖြစ် ပါတယ်။ သိပ္ပံနည်းကျ သင်ယူလေ့လာမှုကို အခြေခံထားတဲ့အတွက် အချက်အလက် တွေကလည်း ခိုင်လုံပြီး အားကိုးအားထား လောက်စရာတွေပဲများတယ်။ အထူးသဖြင့် တရုတ်စာနဲ့ပါ လေ့လာနိုင်အောင် စီစဉ်ပေး ထားတာကတော့ ထူးခြားတယ်။ Guardian Wallcharts ဆိုတာကတော့ မိဘတွေကိုယ်တိုင် ကိုယ့်သားသမီးကို ဘာတွေလေ့လာ နိုင်အောင် စီစဉ်ပေးသင့်တယ်ဆိုတာ ပြောပြထားတဲ့အတွက် အထူးကောင်းမွန်တဲ့ အစီအစဉ်လို့ပြောနိုင်တယ်။ အွန်လိုင်း သင်ယူလေ့လာမှုမှာ တော်လှန်ရေးတစ်ခု အသွင်ဖြစ်အောင် စီစဉ်နေတယ်လို့ဆိုထား တယ်။



7. LEARNIST
http://learni.st/


သင်ယူမှုမှာ အရောင်အသွေးစုံ နယ်ပယ်စုံ လေ့လာနိုင်တဲ့ site တစ်ခုလို့ ပြောရမယ်။ သင်ယူမှုဆိုင်ရာ ပစ္စည်းမျိုးစုံ၊ ပညာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာပေါင်းစုံကို သူ့ကဏ္ဍနဲ့သူ စုစည်းပေးထားတယ်။ ကိုယ် လေ့လာထားတာတွေ၊ သိချင်တာတွေကို Learn it! မှာသွားပြီး bookmark လုပ်ပြီးထည့် ထားလို့ရတယ်။ ကိုယ်ပိုင် လေ့လာသင်ယူတဲ့ နေရာလေးတစ်နေရာ ဖန်တီးနိုင်ခွင့်ပေး ထားတာ ဒီ site ရဲ့ထူးခြားချက်ပါ။

0 comments:

Post a Comment