• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Sunday, September 1, 2013

လွှတ်တော်၏ ၂၀၀၈ ချိုးဖောက်မှုများ.....

မြန်မာနိုင်ငံ၏၂၀၀၈  ဖွဲ့ စည်းပုံအခြေခံဥပဒေအရ  အုပ်ချုပ်ရေးအာဏာ ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာအားလုံးမှာ  အခြေခံဥပဒေအောက်တွင်သာ  ရှိရမည် ။ သမ္မတအပါအ၀င်၊ လွှတ်တော်သည်လည်းကောင်း ၊ တရားစီရင်ရေး အာဏာသည်လည်းကောင်း  အခြေခံဥပဒေ အရသာဖြစ်ရမည် ။  ဖွဲ့ စည်းပုံအခြေခံဥပဒေကို  ဆန့် ကျင်၍မရ ။
ဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ အငြင်းပွားစရာဖြစ်လာခဲ့ပါလျှင်  ဖွဲ့ စည်းပုံအခြေခံဥပဒေ  ခုံရုံးက ဆုံးဖြတ်ပေးရမည်လို့   အဆိုရှိပါတယ် ။

သို့ သော် ခုံရုံးသည်လွှတ်တော်၏  အဓ္ဓမကျင့်ခြင်း ကို လက်မြှောက်ပေးခဲ့ရသည် ။ တစ်နည်းဆိုရသော် စစ်တပ်အကြိုက်ရေးဆွဲခဲ့သည့် ဥပဒေ ၊ လူထုလက်မခံနိုင်သည့်ဥပဒေ၏  စတင်ယိမ်းယိုင်လာမှုအဖြစ်   ပြည်သူကတော့ စောင့်ကြည့်ရုံသာ ။သမ္မတနှင့်လွှတ်တော်၏  အင်အားပြိုင်မှုကို  သံသယဖြင့်သာ  ပွဲကြည့်သကဲ့သို့  စောင့်ကြည့် ခဲ့ကြပါတယ် ။

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ  ၊ အခန်း(၁)  နိုင်ငံတော်အခြေခံမူများ အခန်းပုဒ်မ (၄) တွင် ၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည်  နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးတွင် တည်သည်ဟု ဖော်ပြထားသော်လည်း လွှတ်တော်၏  လုပ်ဆောင်ချက်များသည်  တဖြေးဖြေးနှင့် အချုပ်အခြာအာဏာကို  ပြည်သူ့ ထံမှ  မောင်ပိုင် စီးလိုသည့် အသွင်သို့  ပြောင်းလဲလာနေတာကို  တွေ့ နေရပါတယ် ။


ဥပမာ(၁) ။   ။ ၂၀၁၁ ၊ ဒီဇင်ဘာ (၂)ရက်နေ့ တွင် သမ္မတဦးသိန်းစိန်  လက်မှတ်ရေးထိုး  ထုတ်ပြန်ခဲ့သည့် နာမည်ကျော်ပုဒ်မ(၁၈) မှာ  ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ၏  မူလအခွင့်အရေးနှင့်တာဝန်များ ၊ ပုဒ်မ (၃၅၄)(ခ) အရ  ပေးထားသည့်  နိုင်ငံသားများ၏  အခွင့်အရေးဖြစ်သည့် ၊ နိုင်ငံသားတိုင်းတွင်  လက်နက်မပါပဲ ၊ ငြိမ်းချမ်းစွာစုဝေးခွင့် ၊ စီတန်းလှည့်လည်ခွင့်  တို့ ကို တားမြစ်သည့် ၊  သမ္မတနှင့် လွှတ်တော်မှ  ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုချိုးဖောက်ခြင်း ဖြစ်ပါသည် ။


ဥပမာ (၂) ။   ။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ  အခန်း(၈) ၊  နိုင်ငံသားများ၏  လွတ်လပ်ခွင့်နှင့် တာဝန်များ ၊ ပုဒ်မ (၃၆၉)(ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒရှင်များသည်  လွှတ်တော်တစ်ရပ်ရပ်မှ  လွှတ်တော်ကိုယ်စားလည် ကို ဥပဒေနှင့်အညီ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသည် ။


အခန်း(၉) ပုဒ်မ(၃၉၆) (ခ) ၊သက်ဆိုင်ရာ မဲဆန္ဒနယ်၏  မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့ ကတာဝန်မှပြန်လည်ရုပ်သိမ်းလိုသောလွှတ်တော်ကိုယ်စားလည်နှင့်  ပတ်သက်သည့် တိုင်တန်းချက်ကို ၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတင်ပြရမည် ။ ထို့ အတွက်  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၆.၁၁. ၂၀၁၂ နေ့ မှာလွှတ်တော်ကိုယ်စားလည်တာဝန်မှ  ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ကို ပြည်သူ့ လွှတ်တော်သို့  တင်သွင်းခဲ့ပါတယ်။

ထိုဥပဒေကြမ်းကို အကြောင်းမဲ့ ဆိုင်းငံ့ထားခဲ့တဲ့အပြင် ၊ မလွှဲမရှောင်သာ လွှတ်တော်ကို တင်သွင်းလာခဲ့တဲ့အခါမှာလည်းအကြောင်းအမျိုးမျိုးပြပြီး ဥပဒေအဖြစ် မပြဌန်းသင့်သေးကြောင်း ဆွေးနွေးလာခဲ့ပါတယ် ။  တပ်မတော်သားကိုယ်စားလည်  တွေနဲ့ ပြည်ခိုင်ဖြိုးအမတ်တွေ  အခြေအတင်ဖြစ်ခဲ့ကြပြီး  နောက်ဆုံးမှာတော့  ဖွဲ့ စည်းပုံအခြေခံဥပဒေ  လေ့လာသုံးသပ်ရေး ကော်မတီ  ဖွဲ့ စည်းဆောင်ရွက်နေစဉ်ကာလအတွင်း ခေတ္တဆိုင်းငံ့ထားရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်တဲ့ ။

ဥပမာ(၃) ။   ။  ဒေါက်တာအေးမောင်တင်သွင်းသည့်  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ(၄) ၊ပုဒ်မခွဲ(က)"  နိုင်ငံသား၊ ဧည့်နိုင်ငံသား ၊ နိုင်ငံသားပြုခွင့်ရသူ ၊ (သို့ ) ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း "  ဆိုသည့် စကားရပ်အစား "  နိုင်ငံသားဖြစ်ခြင်း "  ဟု ပြင်ဆင်သင့်ကြောင်းတင်သွင်းချက်ကို  ပြည်ခိုင်ဖြိုးပါတီ မှ ဦးလှဆွေ မှ  အဆိုပါအချက်သည်  ဖွဲ့ စည်းပုံအခြေခံဥပဒေကို  ချိုးဖောက်နေသည့်အတွက် ကန့် ကွက်ကြောင်းပြောကြားခဲ့သည် ။အဆိုပါ ၀ှိုက်ကဒ်များကြောင့်ပင်  လက်ရှိမြန်မာပြည်မှာ  မငြိမ်းနိုင်သည့်  လူမျိုးရေး ဘာသာရေးမီးတောက်နေသည်ကိုသိပါလျက် သူတို့ ထုတ်ပေးခဲ့သည့် ၀ှိုက်ကဒ်ရဘင်္ဂလီ လူဦးရေ  ခုနစ်သိန်းသုံးထောင်တစ်ရာကိုးဆယ့်ငါးယောက်ကို ၂၀၀၈ဖွဲ့ စည်ပုံအရဆိုပြီး လက်ရှိအာဏာရ  ပြည်ခိုင်ဖြိုးပါတီ၏  ဆက်လက်မြေတောင်မြှောက်လိုသည့် သဘော ဆန္ဒကို  ထုတ်ဖော်သွားခဲ့ပါတယ် ။


ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေးကော်မတီ ဖွဲ့ ပြီဆိုတဲ့ အချိန်ကာလတွေတုန်းကတော့  ပြည်သူတွေအကျိုးအတွက် အသုံးမ၀င်မဲ့အမှိုက်တွေကို  တစစပြန်လည်ရှင်းထုတ်ဖို့ တော့  ဖြစ်နိုင်ခြေ နီးလာပြီလို့  တိတ်တဆိတ်  မျှော်လင့်ကြည့်ခဲ့ဖူးကြတာပါ ။ အခုဖြစ်နေတဲ့ပုံစံတွေအရတော့  အခုရှိပြီးသား ၊သူတို့ စိတ်ကြိုက်ရေးဆွဲထားပြီးသား ဥပဒေကိုတောင် မလုံလောက်သေးဘူးထင်ပြီး ၊  ပြည်သူကိုထပ်မံဖိနှိပ်ဖို့ ၊  ကြိုးစားနေကြသလားပဲဆိုတာ  သံသယ  ရှိချင်စရာပါ ။


၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို  လူတစ်ဦးယောက် ၊ဒါမှမဟုတ် အဖွဲ့ အစည်းတစ်ခုအတွက်  ပြည်သူ့ သဘောထားမပါပဲ  ဇွတ်အတင်းအတည်ပြု  အသက်ဝင်စေခဲ့ပြီးတယ်  ဆိုတာကို  အငြင်းပွားစရာမရှိပါဘူး။ ဒါနဲ့ တောင်မှ မလုံလောက်သေးဘူး ထင်ပြီးတော့  အဲဒီအခြေခံဥပဒေကိုပါ ကိုယ့်စိတ်တိုင်းကျကိုယ် ရေပက်မ၀င်အောင် ထုတ်ခဲ့ကြတာကိုတောင်မှ  ကိုယ်တိုင်လေးစား  မလိုက်နာပေးနိုင်ပါပဲနဲ့   ပြည်သူကိုကြမှ ၊  ဟိုလို လိုက်နာရမယ်၊ ဒီလိုလိုက်နာရမယ် လုပ်သင့်ပါရဲ့ လား။  စဉ်းစား ကြည့်စေချင်ပါတယ် ။


ပြောတော့ ဒီမိုကရေစီအစိုးရပါလို့  ပြောတယ် ။  အစိုးရအဖွဲ့ တွေကို စာရင်းစစ်ရမယ့်  စာရင်းစစ်ချုပ်က်ုဖြုတ်ပြတယ် ။ " ငါ့ စိတ်ကြိုက်ဖြစ်ရမယ် "  ဆိုတဲ့သတင်းစကားကို ပါးတယ် ။  ပိုပြီးအရေးကြီးတာက  ၂၀၀၈ ဥပဒေတစ်ခုလုံးမှာနိုင်ငံရေးအရ  စစ်တပ်ကို ထိန်းချုပ်နိုင်တဲ့ အခြေခံဥပဒေပုဒ်မ  တစ်ခုတစ်လေမှ ပါတာမတွေ့ ရပဲ ၊  စစ်တပ်ကသာတိုင်းပြည်အာဏာကို သိမ်းနိုင်တဲ့ပုဒ်မတွေ ၊ အမြဲတမ်းဝင်ရောက်စွက်ဖက်ခွင့်တွေကိုသာ ရက်ရက်ရောရော ပေးထားခဲ့ပါတယ် ။  တစ်ကယ်တော့  နိုင်ငံတစ်ခုမှာ  စစ်တပ်က  နိုင်ငံရေးကို  ၀င်ရောက်စွက်ဖက်နိုင်နေသမျှ ၊ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကို  လုပ်ပိုင်ခွင့်တွေ ၊လွှမ်းမိုးပိုင်ဖို့ အခွင့်အလမ်းတွေ ပေးထားသမျှ  အဲဒီတိုင်းပြည်မှာ  ဘယ်တော့မှဒီမိုကရေစီ စနစ်ဆီကို  မသွားနိုင်ပါဘူး ။ သွားဟန်ပဲ ဆောင်နိုင်ပါလိမ့်မယ် ။ ဟန်ဆောင်ပန်ဆောင် ဒီမိုကရေစီ ဆီသို့ ပါ။


၁၉၆၂ ခုနှစ်အာဏာသိမ်းမှုရဲ့ နောက်ကွယ်မှာ စစ်ဘက်သက်သာချောင်ချိရေးအရောင်းဆိုင် ၊ ဒီအက်(စ်)အိုင် အရင်းအနှီးကိုအခြေပြုပြီး ၊ မြန်မာ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းကို  ဖွဲ့ စည်းကာ စစ်တပ်ဘတ်ဂျက်ကို အသုံးပြုပြီးစီးပွားရေးလုပ်ငန်းကြီးကို  လုပ်ကိုင်ခဲ့ကြရာမှာ  ပါလီမန်အစိုးရ စီးပွားရေးကိုပင်  ကျော်လွှားနိုင်မည့်အခြေအနေသို့ ဆိုက်ရောက်ခဲ့ပါတယ် ။


ဒီနေ့ မှာလည်း  အဲဒီအချိန်တုန်းကလိုပါပဲ ။ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နဲ့  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် ဓနဥစ္စာက မြန်မာပြည်စီးပွားရေးလုပ်ငန်းအားလုံးရဲ့  80  % ကိုချုပ်ကိုင်ထားတာပါ ။  အဲဒီအရင်းအနှီးဟာ  စစ်တပ်ပိုင်ဖြစ်လို့ စစ်တပ်ဟာ  ဒါကိုကာကွယ်ဖို့   မဖြစ်မနေ လုပ်ဆောင်ပါလိမ့်မယ်ဆိုတာ   လက်ပန်းတောင်းတောင်က  ကျွန်တော်တို့  မသိမသာ မြင်လိုက်ရတဲ့ အသေးအဖွဲလေးပဲ  ရှိပါသေးတယ် ။


စစ်တပ်ပိုင်  စီးပွားရေး လုပ်ငန်းကြီးတွေ ကြီးထွားလာခြင်းဟာ  ပြည်သူနဲ့ တိုင်းပြည်ကို အမြဲခြိမ်းခြောက်နေတဲ့အန္တရာယ်တွေပါ ။ ပြည်သူ့ အကျိုးစီးပွားဆိုတာဟာ စစ်တပ်ရဲ့  အကျိုးစီးပွားနဲ့ နှိုင်းယှဉ်လာခဲ့ရင်  အမြဲတန်းအောက်မှာပဲဆိုတာဟာ   လက်ပတောင်းတောင်ထက်  ကောင်းတဲ့ဥပမာ  လောလောဆယ်မှာ  မရှိပါဘူး ။ဒီနေရာမှာ စဉ်းစားကြည့်ပါ ဦးပိုင်ဟာ တပ်မတော်ပိုင် ဆိုသော်လည်း  အောက်ခြေက တပ်မတော်သားအများစုအကျိုးခံစားခွင့် အမှန်တကယ်ရမရ ဆိုတာဟာ  ဆင်းရဲမွဲတေမြဲ မွဲတေနေတဲ့  ရဲဘော်အများစုနဲ့ ၊ လခအပြင် ဘာမှ မရှိတဲ့  သာမန်စစ်ဗိုလ်အများစုက  သက်သေပါ ။


ဒါဆိုရင် ဦးပိုင် ဘာလဲ ဘယ်လဲဆိုတာ စဉ်းစားကြည့်စရာ မလိုတဲ့ကိစ္စပါ ။ ကမ္ဘာပေါ်မှာ  တစ်နှစ်ကို အမြတ်ငွေ 30 %ပေးနိုင်တဲ့ စီးပွားရေးလုပ်ငန်းဆိုတာ  ကမ္ဘာမှာတောင်  ရှာမှရှားပါလိမ့်မယ် ။ ဦးပိုင်မှာ အရာရှိကြီးပေါင်းများစွာဟာတပည့်လက်သားတွေ နာမည်နဲ့ ပါ အပ်ငွေထည့်ထားကြတာ  အများအပြားပါ ။  အရာရှိကြီးတစ်ယောက်ကို သိန်း၅၀ထည့်ဝင်ထားခဲ့ရင်  တစ်နှစ်ကို အမြတ်ငွေ ၁၅  သိန်းပေးနိုင်ပါတယ် ။


အဲဒီတော့ပြောချင်တာက  သူတို့ တွေတောင် ဒီလောက်ဆိုရင် ၊ ရိုးသားလှပါတယ်ဆိုတဲ့  ဘပြောင်တို့ ၊ ထမင်းဆိုင်ကဘဘကြီးတို့  ၊ ကော်ဖီဆိုင်ကဘဘကြီးတို့ ၊ ချိုမိုင်မိုင် ကပြချင်နေတဲ့ ဘဘမန်းတို့  ဆိုရင် ဘယ်လောက်များလှလေမလဲ။လွှတ်တော်ထဲက ၂၅  %  ကရော ၊ဘာကို ကာကွယ်ကြမှာပါလဲ ။  ဘယ်သူ့ ကို ကာကွယ်ကြမှာပါလဲ ။


အမေရိကန် ယေးတက္ကသိုလ်က  သမိုင်းပါမောက္ခ ပေါလ်ကင်နဒီ တော့ပြောခဲ့ပါတယ် ။ ယနေ့ နိုင်ငံတကာ စနစ်ကြီးထဲမှာဓနဥစ္စာနှင့် အင်အား ၊  စီးပွားရေးနှင့် စစ်အင်အား တို့ သည် တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်သဘောအရသာ  တည်ရှိနေကြခြင်းဖြစ်ပါတယ် တဲ့။ စစ်အင်အားကို  တိုးချဲ့ ရန်အတွက်  ဓနဥစ္စာ အမြဲတမ်းလိုသည် ။  ဓနဥစ္စာကို ရရှိနိုင်ရန်နှင့် ရရှိထားသောဓနဥစ္စာကို ထိန်းသိမ်းရန်အတွက် စစ်အင်အားလည်း အမြဲတမ်းလိုသည်....တဲ့။


အဲဒါကြောင့်  ပြောပါတယ် ။ လူမျိုးရေး ဘာသာရေး အဓိကရုန်းတွေ ၊ မငြိမ်းချမ်းသေးတဲ့ပြည်တွင်းငြိမ်းချမ်းရေးတွေလွှတ်တော်ထဲက ဟန်ဆောင်ပန်ဆောင် ရန်ပွဲတွေ ၊ သမ္မတကြီးရဲ့ လ ၃၀ စီမံချက်တွေ ၊ တိုင်းပြည်ဘဏ္ဍာတစ်ဝက်တိတိရမှ ငြိမ်းချမ်းရမယ့် ပြည်တွင်းစစ်တွေ ၊  ဥပဒေကြမ်းစီစစ်ဆေးရေး  ကော်မတီကြီးတွေ ။ ဘာတွေပဲပြောပြောပါ ။ကျွန်တော်ပြောခဲ့ပါတယ် ။ သူတို့ အားလုံးကို  တွယ်ယှက်စေးကပ်ထားစေတဲ့အရာ ၊ အတူတစ်ကွ ပူးပေါင်းကာကွယ်ကြမယ့်အရာက  တူညီတဲ့ ဘုံအကျိုးစီးပွား ပါလို့  ။

                                                               ပြည်ချစ်သူ
                                                               1.9.2013 

0 comments:

Post a Comment