• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Tuesday, December 10, 2013

Android ဆိုတာ ဘာလဲ?????



ဒီခေါင်းစဉ်အောက်ရောက်ရင်တော့ Os တွေ အကြောင်းကို အကြမ်းဖျင်းတော့ ရှင်းရပါတော့မယ်။
ကျွန်တော်လည်း အကြမ်းဖျင်းလောက်ပဲ သိတာကိုး....အကြမ်းပဲ ရှင်းမှာပေါ့နော် :P ။
Computer သုံးပဲ ဖြစ်စေ၊ Mobile ဖုန်းတွေမှာပဲ ဖြစ်စေ Os ( Operating System) တွေမှာ နှစ်မျိုးနှစ်စား ရှိပါတယ်။
Closed Operating System နဲ့ Opening Operating System လို့ ခေါ်ပါတယ်။ ဟုတ်ပါပြီ။ ဘာက ဘယ်လိုလဲ။
***
Closed Os ဆိုတာက နာမည်ကြည့်တာနဲ့ သဘောပေါက်နိုင်ပါတယ်။ ပိတ်ထားတယ် ဆိုတဲ့သဘောပေါ့နော်။
ဘာပဲ လုပ်လုပ် သူ့မှာ ကန့်သတ်ချက် ရှိပါတယ်။ မ၀င်ရ ဆိုတဲ့ တားမြစ်နယ်မြေတွေ ပါပါတယ်။
ဆိုလိုရရင် စစ်တပ်လိုမျိုး အဆင့်အဆင့်တွေ ရှိတဲ့နေရာသဘော သက်ရောက်ပါတယ်။
Computer သုံး အနေနဲ့ နားလည်အောင်ပြောရရင် သူ့ရဲ့ ကျောရိုး System ပိုင်းဆိုင်ရာတွေကို
User ကို တွေ့ခွင့်၊မြင်ခွင့်တောင် မပေးပါဘူး။
တွေ့ခွင့်၊မြင်ခွင့် ရအောင် လုပ်ထားရင်တောင် ပြင်ဆင်နိုင်ခွင့် မပေးပါဘူး။
အဲဒါကို Closed System လို့ ခေါ်ဆိုပါတယ်။ (ဥပမာ-Window Os, Mac Os, iOs..စတာတွေပေါ့။)။
တစ်လက်စတည်း ကောင်းကျိုး၊ဆိုးကျိုးတွေကိုပါ နားလည်သလောက်လေးရှင်းပြခဲ့ချင်တယ်ဗျာ။
Closed System တွေမှာ အပေါ်က ဆိုခဲ့သလို အစစအရာရာ User ကို ပြင်ဆင်ခွင့် ပေးမထားပဲ
သူ့ရဲ့ ဘောင်အတွင်းမှာပဲ လုပ်ဆောင်ခွင့် ရသည့်အတွက် User Effect ကြောင့် ဖြစ်နိုင်တဲ့ ပြသနာတွေ မရှိပါဘူး။
နောက်ပြီး ၄င်းကဲ့သို့ ဘာပဲ လုပ်လုပ် သူတို့ရဲ့ ခွင့်ပြုချက် ရမှ လုပ်ဆောင်၍ ရသည့်အတွက်
မှားယွင်းလုပ်ဆောင်ချက်ဆိုတာလည်း မရှိသလောက် နည်းပါးပါတယ်။
သူ့ရဲ့ Framwork နဲ့ သွင်းလို့ ရမယ့် Application တွေ အားလုံးဟာ လုံးဝကို Stable ဖြစ်ပါတယ်။
အဲလို ဖြစ်အောင်လည်း လုပ်ထားလို့ Closed လို့ ခေါ်တာပေါ့နော်။
ဆိုရရင် Security ပိုင်းဆိုင်ရာမှာ အလွန်ကို တောင့်တင်းခိုင်မာပါတယ်။
ဆိုးကျိုးကတော့(အဲ....ဆိုးကျိုးလို့ သုံးနှုန်းရတာ အရမ်းတော့ မကောင်းမြင်ရာကျပါတယ်။
ဒါပေသိ အဆင်မပြေမှုလို့ပဲ ရည်ရွယ်ပါတယ်နော်။)

ဘာပဲ လုပ်လုပ် ခွင့်ပြုချက်ရမှ၊ ခွင့်ပြုမှ ဆိုတဲ့ ကန့်သတ်ချက်တွေကြောင့်ရယ်။
စည်းတွေ၊ဘောင်တွေ အောက်မှာပဲ လုပ်ဆောင်နေရသည့်အတွက်
 အားလုံးဟာ Step by Step ပဲ သွားနေရသည့်အတွက် User တွေနဲ့ friendly ဖြစ်ဖို့တော့ သိပ်အဆင်မပြေပါဘူး။
နောက်ပြီး ကိုယ်ကိုယ်တိုင်လည်း နားလည် တတ်မြောက်ထားပေမယ့်ကိုယ့်ဘာသာ ပြင်ဆင်နိုင်ခွင့်မရနိုင်ပါဘူးဗျာ။(ဆိုလိုချင်တာက ကိုယ်ဟာလည်း developer တစ်ယောက်ဆိုပါစို့။
ကိုယ့်ပစ္စည်းကို ကိုယ့်အတွက် အကောင်းဆုံး ဖြစ်အောင် မလိုချင်တာတွေကို ထုတ်မယ်။
လိုချင်တာတွေကို ထည့်မယ် စသည်ဖြင့် လုပ်ချင်တယ်။ လုပ်လည်း လုပ်နိုင်တယ် ဆိုခဲ့ရင်တောင်မှ
လုပ်ခွင့် မရပါဘူး။) ကဲ..ဒါဆို Closed ဆိုတာ ဘာအဓိပ္ပါယ်လဲ ဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။
***
Opening Os ဆိုတာ အပေါ်က Closed နဲ့ ပြောင်းပြန်ပေါ့နော်။(ဥပမာ- Linux Os, Android Os..စတာတွေပေါ့) သူ့မှာက အကုန်လုံး freedom ပါပဲ။ အားလုံးဟာ ကိုယ်ကိုယ်တိုင် လုပ်ဆောင်ခွင့် ရပါတယ်။
အဲဒီတော့ “ကိုယ်ဖြစ် ကိုယ်ခံ”ပေါ့နော်။သူရဲ့ ကောင်းကျိုးကတော့ စာဖတ်သူဟာ application တစ်ခုကို
ကိုယ်တိုင်မရေးနိုင်ရင်တောင် ပြင်ဆင်ပြီး သုံးမလား။
Built-in ပါလာတဲ့ application တွေကို မလိုချင်ဘူးလား။ ရတာပေါ့ဗျာ။ ဖြုတ်သာပစ်လိုက်။
ဘယ်လို..... မြန်မာမှုပြုပစ်လိုက်ချင်တယ်လား။ အား...သိပ်ရတာပေါ့ဗျာ။ အဲလို..အဲလိုတွေကြောင့် အသုံးပြုရတာ User friendly ဖြစ်ပါတယ်။ လွယ်လည်း လွယ်ကူလို့ လူကြိုက်လည်း များတာပေါ့နော်။
ဆိုးကျိုးကတော့ လုပ်ချင်တာ လုပ်ခွင့် ရနေမှတော့ ကလိမတော်လို့ ပျက်တာတွေကတော့ ဘယ်နေရာမှာ ဖြစ်ဖြစ် ကြားနေရတာပေါ့နော်။
တတ်ရင် ရေးလို့ ရမှတော့ တတ်တဲ့သူက Virus ရေးတယ်ဆိုလည်း ပြန့်တာပေါ့။
ကဲ...ဒီတော့ ဆိုရရင် သူက Stable မဖြစ်ဘူးပေါ့ဗျာ။ လုပ်ချင်တာ လုပ်ခွင့် ပေးထားတာကိုး။ မဟုတ်ဘူးလားဗျာ...
ဒီလောက်ဆိုရင် ရှေ့ဆက်လို့ ရလောက်ပြီ ထင်ပါတယ်။
ဒါလေးတွေကို စာမရှည်ရှည်အောင်လို့ ရေးနေတာ မဟုတ်ပါဘူးနော်။
တစ်ချို့ computer တောင် ကောင်းကောင်းမသုံးတတ်တဲ့သူတွေအတွက် ဘာမှန်းညာမှန်းမသိ မဖြစ်အောင်
အခြေခံလေးအဖြစ်ပဲ ရပါစေ ဆိုပြီး အစကနေ စလိုက်တာပါ။
ကျွန်တော်က Android ကိုပဲ ကောင်းကောင်း မဟုတ်တောင် နည်းနည်းလေး သိပါတယ်။
ကျန်တဲ့ အမျိုးအစားတွေကိုတော့ လေ့လာနေဆဲမှာပဲ ရှိသေးတော့ Android ကိုပဲ ရှင်းပါ့မယ်နော်။
ကျွန်တော် ဖုန်းနဲ့ ပတ်သက်ပြီး အစကနေ စရှင်းမယ်ဆိုတော့ ဘယ်က စရှင်းရမလဲပေါ့။
စဉ်းစားလိုက်တော့ root တို့ ဘာတို့ထက် ပိုပြီး အခြေခံကျမယ် ထင်တဲ့ နေရာကနေ စလိုက်တာပါ။ဒါလေးကို ဖတ်ပြီး တစ်ခုခုသာ ရရှိခဲ့မယ် ဆိုရင် ကျေနပ်ပါပြီဗျာ။
ဒီထက်ပိုဖတ်ချင်တယ်ဆိုရင် အောက်ကလင့်မှာ ဖတ်ရှုနိုင်ပါတယ်
http://en.wikipedia.org/wiki/Android_%28operating_system%29

0 comments:

Post a Comment