What is A hacker

This the First of My Blog! If you have an Idea You can Give Me Your Advices to Improve My Blog.

What is A hacker

This the First of My Blog! If you have an Idea You can Give Me Your Advices to Improve My Blog.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

  • A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Tuesday, December 10, 2013

IP Address (အင်တာနက် လိပ်စာ) အကြောင်း သိကောင်းစရာ

IP Address ဆိုတာ Internet Protocol Address ဖြစ်ပါတယ်။ မြန်မာလို တည့်တည့် ဘာသာပြန်ရရင် နိုင်ငံတကာ ကွန်ပြူတာ ဆက်သွယ်မှု ကွန်ရက် နားလည်မှု သဘောတူညီချက် လိပ်စာ လို့ အဓိပ္ပါယ် ရောက်ပါတယ်။

ဒီတော့ IT Term တစ်ချို့ က မြန်မာလို့ ဘာသာမပြန်ပဲ အင်္ဂလိပ်လို မှတ်ထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တစ်ချိန် ကွန်ပြူတာတွေ မပေါ်မှီ၊ အင်တာနက် မပေါ်မှီ တစ်နေရာကနေ တစ်နေရာ စာပို့တဲ့အခါ လိပ်စာ အပြည့်အစုံရေးလို့၊ လူအမည်ရေးလို့ စာတိုက်ပုံးထဲ ထည့်ရပါတယ်။

ယခုလည်း ယင်းသဘောတရားပါပဲ။ ဘယ်ကွန်ပြူတာက ဘယ်ကွန်ပြူတာကို ပို့ပါတယ်။ ဘယ်နိုင်ငံ ကွန်ရက်ကနေ ပို့ပါတယ် အစရှိသဖြင့် သိရှိအောင် အင်တာနက်လိပ်စာ ဆိုပြီး IP Address ဆိုတာ ပေါ်ထွန်းလာပါတယ်။ 

Physical IP Address

IP Address ကို နှစ်မျိုးထပ်ခွဲရင် ပုံမှာ ပြထားတဲ့အတိုင်း ပါပဲ။ Physical Address နဲ့ Virtual Address ပါ။ Physical Address ဆိုတာ ရူပဗေဒဆိုင်ရာ လိပ်စာလို့ ဘာသာမပြန်မိပါစေနဲ့။ ထိတွေ့ကိုင်တွယ်၍ရသော လိပ်စာလို့လည်း ဘာသာမပြန်ရပါဘူး။ အချက်အလက် ပို့လွတ်လိုက်တဲ့ ပစ္စည်းရဲ့ လိပ်စာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ယင်းကတော့ Mac Address ပါ။ Machine Address ဖြစ်ပါတယ်။ ဒါက ထုတ်လုပ်သူတို့ ကွန်ပြူတာ၊ မိုဘိုင်းတွေထဲမှာ ပုံသေ ပါလာပြီးသား လိပ်စာ ဖြစ်ပါတယ်။

Virtual IP Address

နောက်တစ်မျိုးကတော့ Virtual Address ပါ။ ထိတွေ့၍ မရသော လိပ်စာလို့ ဘာသာမပြန်ရပါဘူး။ အင်တာနက်ကွန်ရက်တွေမှာ ပို့လွတ်တဲ့အခါ ကွန်ပြူတာ ကြီးက လိုက်ရွေ့ သွားခြင်း မဟုတ်ပဲ အချက်အလက်ကပဲ သွားတာပါ။ ယင်းအချက်အလက်က ဘယ်ကနေလာတယ် ဆိုတာကို Virtual Address နဲ့ ခွဲခြားရပါတယ်။ သူ့ကို ထပ်ခွဲမယ်ဆိုရင် Public IP Address နဲ့ Private IP Address ဆိုပြီး နှစ်မျိုး ထပ်ကွဲနေပြန်ပါသေးတယ်။

Public IP Address

Public IP Address ဆိုတာ ပြည်သူ့ IP Address မဟုတ်ပါဘူး။ အင်တာနက် ကွန်ရက်များ အများသူငှာ Public တစ်ခုလုံးက ဘယ်လိပ်စာ ဘာကိုပြောတယ်ဆိုတာ သိအောင် မှတ်သားထားတဲ့ လိပ်စာ ဖြစ်ပါတယ်။ ဥပမာ 203.81.160.0 ကနေ 203.81.175.255 ဆိုတာ မြန်မာပြည်က တရားဝင် ဝယ်ထားတဲ့ IP Address ပါ။ အခြား IP Range လည်း ရှိပါသေးတယ်။

ကားစကားငှားသုံးရရင် ကားနံပါတ် အသေဝယ်ထားတဲ့ သဘော ဖြစ်ပါတယ်။ နိုင်ငံတကာ အင်တာနက်ကွန်ရက်နဲ့ ချိတ်ဆက်တဲ့အခါ ယင်းနံပါတ်အသေနဲ့ သာ သွားလာရခြင်း ဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှုတို့ ဘာတို့လုပ်တဲ့အခါ ယင်း IP Address ကို Ban ရုံပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ကနေ PayPal တို့ဘာတို့ ဖွင့်မရသေးခြင်း ဖြစ်ပါတယ်။ မြန်မာပြည် အနေနဲ့လည်း ဘယ်ဆိုဒ်တို့ ဘယ်ဆိုဒ်တို့ကို ကြည့်ခွင့်မရှိဆိုပြီး Proxy server မှာ ပိတ်တဲ့အခါ ပိတ်ချင်တဲ့ ဝဘ်ဆိုဒ်လိပ်စာ /IP Address ကိုထည့်ထားရုံပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ချိန်တုန်းက Youtube ဆိုတာ ကြည့်လို့မရခဲ့ပါဘူး။

URL Address Bar မှာ 31.13.82.1 ကို ရိုက်ထည့်ပြီး Enter ခေါက်ကြည့်ပါ။ Facebook ကျလာပါလိမ့်မယ်။

Private IP Address

ပုဂ္ဂလိ IP Address လို့ ဘာသာမပြန်ရပါဘူး။ ကျနော် ကတော့ မိမိ အဆင်ပြေသလို ပေးလို့ ရတဲ့ IP Address လို့ပဲ မှတ်ထား မိပါတယ်။ သို့ပေမယ့် အဲ့တစ်ခုတည်းနဲ့ဆိုရင်မှားသွားပါလမ့်မယ်။ ကြိုက်ရာပေးတာ တောင်မှ Class A, Class B, Class C ဆိုပြီး ထပ်ကွဲ ပါသေးတယ်။ Public လို့ခေါ်တဲ့ နိုင်ငံတကာ အင်တာနက်ကွန်ရက်တွေ ပေါ်ကို မသွားပါဘူး။ ကုမ္မဏီတွင်း၊ မြို့ နယ်တွင်း မိမိတို့ Locak စက်တွေမှာ သွားလာတဲ့ IP Address ဖြစ်ပြီး အင်တာနက် သုံးချင်၊ အပြင်ထွက်ချင်တဲ့အခါမှ Public IP Address သို့ ပြောင်းလဲ ပေးပါတယ်။

အနီးစပ်ဆုံး ဥပမာ ပေးရရင် - လိုင်စင်မဲ့ကားတွေ မြို့ထဲသွားတော့မယ်ဆိုမှ လူမြင်လို့ကောင်းမယ့် နံပါတ်တစ်ခုပြောင်းတပ်လိုက်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ Local မှာကျ ဒီကားက ဘယ်သူ့ကားဆိုတာ သိနေပါတယ်။ ဒီသဘောပါပဲ။ Private IP Address က သူ့ Local မှာ အလုပ်လုပ်တဲ့အခါ Local IP Address နဲ့ပဲ အလုပ်လုပ်ပြီး အင်တာနက် ကွန်ရက်ပေါ် ပြေးလွှားပြီဆိုမှ Public IP Address သို့ ပြောင်း လဲ ပေးရပါတယ်။ ဒါကို ကြားမှာ ပြောင်းလဲပေးတဲ့ စနစ်ကိုလည်း Service Provider များက အများစု ဝန်ဆောင်မှု ပေးပါတယ်။

ဥပမာ ကျနော်တို့ ရုံးတွင်းက ကွန်ပြူတာတွေ အင်တာနက်မသုံးဘူး။ မချိတ်ဘူး။ ကွန်ပြူတာအချင်းချင်းပဲ အချက်အလက်တွေပို့မယ်ဆိုရင် Private IP Address နဲ့ တင်လုံလောက်ပါတယ်။ သို့ပေမယ့် ယင်းသို့ ပို့နေရင်း၊ လုပ်နေရင်းက အင်တာနက်လေးသုံးမယ်။ အခြားနိုင်ငံက ရုံးခွဲကို အီးမေးလ်ပို့မယ်ဆိုရင်တော့ အင်တာနက် ဆိုတာကြီး လိုအပ် လာပြီ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ Public IP Address ကိုလည်း အသုံးပြုရပြီ ဖြစ်ပါတယ်။

IP Address အသုံးဝင်ပုံ

စာပို့တဲ့သူတင်မကပါဘူး။ စာတိုက်ပုံးမှာလည်း နံပါတ်ပါရှိပါတယ်။ စာတိုက်ရုံးမှာလည်း လိပ်စာရှိပါတယ်။ စာရမယ့်သူမှာလည်း လိပ်စာရှိပါတယ်။ စာရမယ့်သူ အမည်လည်း ရှိပါတယ်။

ထိုနည်းတူစွာပါပဲ IP Address ဆိုတာ Facebook မှာလည်းရှိရပါတယ်။ Google မှာလည်းရှိပါတယ်။ အီးမေးလ်ပို့မယ့်သူမှာလည်း ရှိရပါမယ်။ အီးမေးလ်ပို့ပေးမယ့် Service Provider မှာလည်း ရှိရ ပါတယ်။ Email လက်ခံမယ့်သူဆီမှာလည်း ရှိရပါတယ်။ ပို့တဲ့သူနဲ့ လက်ခံတဲ့သူကို ခွဲခြားမှုကျ Service Provider က သတ်မှတ်ပေးတဲ့ လိပ်စာနဲ့ ကွန်ပြူတာတို့ရဲ့   Physical Address (Mac Address) က အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ်။

အလွယ်ကူဆုံးဖြစ်အောင် ကြိုးစား ရှင်းပြမိတာလေးပါ။ ဒီထက်ပိုတဲ့ ရှင်းလင်းမှုကို What is IP Address လို့ Google search မှာ ရှာကြည့် ဖတ်ရှု နိုင်ပါတယ်။ ဝီကီမှာလည်း ဖတ်ရှု နိုင်ပါတယ်။

Private IP address range

Class A - 10.0.0.0 to 10.255.255.255
Class B -  172.16.0.0 - 172.31.255.255
Class C - 92.168.0.0 - 192.168.255.255

8 bit ပါရှိသော 1 byte မှ စုစုပေါင်း 4 byte ဖွဲ့စည်းမှု ကို IPv4 Address လို့ ခေါ်ပါတယ်။ ကားနံပါတ်လိုပါပဲ။ နံပါတ်တွေ မလောက်တော့တဲ့အခါ IPv6 Address ဆိုပြီး ပေါ်လာမှာ ဖြစ်ပါတယ်။ စုစုပေါင်း ဖွဲ့စည်းမှုက 128 bits တောင် ရှိလာမှာ ဖြစ်ပါတယ်။ ယခုလို လိပ်စာများပြား မှုကြောင့် နောင်ပိုင်း အိုင်တီပစ္စည်းတွေတိုင်းမှာ ကိုယ်ပိုင် IP လိပ်စာများ ရှိလာမယ်လို့ ကြားသိရပါတယ်။

ယင်းအမည်တွေကို အဆင်ပြေသလိုပေးလို့ မရပါဘူး။ ပေးပုံ ပေးနည်း သင်္ချာနဲ့ တိတိကျကျ တွက်ချက်ပြီး ပေးရတာ ဖြစ်ပါတယ်။

Mac Address

Machine Address ကတော့ 48 bits ပါ။ ဒါက ကွန်ပြူတာထုတ်လုပ်သူတို့က ၎င်းတို့ ပစ္စည်းအပေါ် ချပေးတဲ့ လိပ်စာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ယင်းလိပ်စာတွေကို ပြောင်းလဲလို့ မရပါဘူး။ Physical Address ဖြစ်လို့ ဖြစ်ပါတယ်။

ဥပမာ - 01-23-45-67-89-ab

IP Address အကြောင်းအခြေခံအားဖြင့် အကြမ်းဖျဉ်း သိရှိပြီလို့ မျှော်လင့် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
Ref : http://www.yoyarlay.com

ဆာဗာ ဆိုတာဘာလဲ ဘာလုပ်တာလဲ ဆိုတာလေ့လာရအောင်



Server အကြောင်းပြောရအောင်

ဆာဗာ၊ ဆာဗာနဲ့ ပြောနေလိုက်ကြတာ တော်တော်များများ စိတ်ဝင်စားကြမှာ အမှန်ပါပဲ။ ဥပမာ ဝဘ်ဆိုဒ် တစ်ခု ဝင်လို့ မရတဲ့အခါ လူတစ်ယောက် သွားမေးတော့ “အဲဒါဆာဗာဒေါင်းနေတယ်ကွာ”လို့ဖြေတယ်လေ။ နားမလည်တဲ့ အချိန်တုန်းက ဆာဗာ ဒေါင်းတယ်ဆိုတာ နားထဲကို ကန့်လန့်လိုက်ဝင်ပါတယ်။ ကဲ တည့်ကြရအောင်။ အင်တာနက် အသုံးပြုတဲ့ လူတိုင်း နားလည်အောင် အလွယ်ကူဆုံး နည်းနဲ့ ရှင်းပြပါမယ်။ 

အဲဒီ ဆိုဒ်တစ်ခု ဖွင့်မရ ဆာဗာ ဒေါင်းတယ်ဆိုတာ Web Server ကိုပြောတာပါ။ Server မှာတောင် အမျိုးမျိုး ကွဲသေး တယ်လေ။ ကဲ စကြရအောင်။ 

"Server အဓိပ္ပါယ်" 
ကွန်ပြူတာကွန်ရက်များအား ချိတ်ဆက်၍ သတင်းအချက်အလက် ပေး ပို့ပေးခြင်း၊ သိမ်းဆည်းထားပေးခြင်း တို့ ပြုလုပ်ပေးသူကို Server လို့ ခေါ်ပါတယ်။ အလွယ်ကူဆုံး ပြောပြပါမယ်။ ခုနေ ရုံးအကြီးစား တစ်ခုကိုသွားရင် သူ့မှာ စာရွက်စာတန်းတွေ ထိမ်းထား တဲ့ နေရာတစ်ခုတော့ ရှိမှာပဲလေ။ ဂိုထောင်တစ်ခုနဲ့ကို သီးသန့်တောင် ထားကြပါတယ်။ ဆေးရုံတွေမှာဆို ပိုအရေးကြီးပါတယ်။ အခန်းကြီး တစ်ခုထဲမှာ။ ဘယ်နေ့က ဘယ်လူနာ၊ ဘယ်နေ့က ဘယ်ဆေးတိုက်၊ ဘယ်သူဆင်း၊ ဘယ်သူသေ၊ ဘယ်သူတက်၊ ဆေးရုံအသုံးစရိတ် ဘယ်လောက်၊ ဝန်ထမ်းအင်အား ဘယ်လောက် အစရှိသဖြင့် အချက်အလက်အားလုံးကို ဂိုဒေါင် တစ်ခုထဲမှာသိမ်းထားပါမယ်။ လိုအပ်တဲ့အခါကျ ဂိုထောင်ထဲမှာ ဖိုင်စာရင်းအတိအကျကို ထုတ်ယူလို့ရအောင် စနစ်တကျ သေသေသပ်သပ် ထည့်ထားပါတယ်။ 

ဟုတ်ကဲ့။ အဲဒီအချက်အလက်တွေအားလုံးကို ကွန်ပြူတာတစ်ခုထဲမှာပဲ ထည့်ပြီး ယင်းကွန်ပြူတာကနေ လိုသလို ထုတ်သုံးမယ်။ နောက်ထပ်ကွန်ပြူ တာ တစ်ခုစီ ရောက်အောင်လည်း ရုံးတွင် network နဲ့ ပို့ပေးနိုင်မယ်ဆိုရင် ယင်းကွန်ပြူတာက Server အနေနဲ့ အလုပ်လုပ်နေပါပြီ။ ဒီတော့ သူ့ကို Database Server လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။ 

"Server မှာ OS လိုအပ်ခြင်း

သာမန် ဂိုဒေါင်တစ်လုံးမှာတောင် Store keeper ဆိုပြီး သီးသန့်ခန့်ရ တယ်လေ။ ဒီတော့ Server တန်းဝင်ဖို့အတွက် Server လုပ်မယ့် ကွန်ပြူတာမှာ Server Operating System ကို ထည့်ထားရပါတယ်။ အချို့ ကျတော့ ဂိုထောင်ဝန်ထမ်းမထားချင်ဘူး။ အချက်အလက် ကလည်း နည်းတော့ အဆင်ပြေသလိုထားတယ်။ ဟုတ်ကဲ့။ ကွန်ပြူတာ မှာလည်း ကိုယ် ထောက်ပံ့၊ မျှဝေ၊ သိမ်းဆည်းပေးရမယ့် အချက်အလက်က သိပ်မများဘူးဆိုပြီး အချို့ များကလည်း Server Operating System မသုံးပါဘူး။ 

သုံးတယ်ဆိုရင် ရွေးစရာက အများကြီးပဲ။ Linux Server OS သုံးမလား၊ Windows လား၊ Mac လား အစရှိသဖြင့် ပေါ့။ Server OS ဆိုလို့ ဘာများလည်းလို့ အတွေးနက်မသွားပါနဲ့။ သူက ဂိုထောင်တစ်ခုလို တာဝန်ထမ်းပေးမယ့် ကွန်ပြူတာကို အကောင်းဆုံး ဝန်ဆောင်မှု ပေးမယ့် OS ပါ။ တော်ရုံ OS ကမလုပ်နိုင်တာတွေ လုပ်ပေးမှာလေ။ 

"Server အမျိုးအစားများ"

Web Server ဝဘ်ဆိုဒ်၊ ဒေတာ အချက်အလက် များ အား သိမ်းဆည်းပေး၊ စေခိုင်းမှု (command လက်ခံပေး) ပြန်လည် အကြောင်းကြားပေးဖို့ အလုပ်လုပ်ပါတယ်။ ဥပမာ ကျနော်က ဝဘ်ဆိုဒ် တစ်ခု ထောင်လိုက်မယ်။ ထောင်တယ်ဆိုလို့ နို့ဆီဗူးထောင်သလို ထောင်လိုက်တာ မဟုတ်ဘူးနော်။ ဆိုဒ်တစ်ခု ပရိုဂရမ်နဲ့ဆွဲပြီး အင်တာနက်ပေါ် လွင့်ပါမယ်။ ဒီလိုလွင့်ဖို့အတွက် ယင်းအချက်အလက်တွေကို ဘယ်မှာ သိမ်းမလည်းက ရှိလာမယ်။ ဥပမာ ခုနေ စာဖတ်သူတို့ Facebook ပေါ်မှာ ပုံတွေ တင်ကြတယ်။ အဲ့ပုံတွေ ဘယ်ရောက်သွားလဲ။ Facebook က အကိုတွေ၊အမတွေကပဲ အလှဆုံးပုံတွေရွေးလို့ ဝိုင်ကြည့်နေကြမယ်လို့ ထင်လို့လား။ 

အမှန်တာ့ ယင်းပို့သမျှပုံတွေကို Server (ဂိုဒေါင်)ထဲ ထည့်ပါတယ်။ အချက် အလက်သိမ်းဆည်းပြီး Hard Disk အကြီးစားလိုပါပဲ။ Google ဆိုရင် ကမ္ဘာ့အကြီးဆုံး Data Center တောင် ပိုင်ပါတယ်။ Web Server အနေနဲ့ Website ရဲ့  အချက်အလက်များကို သိမ်းဆည်းပေး၊ Command လက်ခံပေး၊ ပြန်လည် အကြောင်းကြားပေး အစရှိသဖြင့် အလုပ်လုပ် ပါတယ်။ Web Server အကြောင်းနောက်မှ သက်သက်ရှင်းပါမယ်။ 

Application Server – Software app များအား အလုပ်လုပ်ရန် ဝန်ဆောင်မှုပေးသော Server

Catalog Server – network ပေါင်းများစွာမှာ အချက်လက်များကို အလွယ်တကူ ဆီးကူးစေရန် central search point အဖြစ် ဝန်ဆောင်မှုပေးသော Server

Communication Server - တယ်လီဖုန်း တို့ကဲ့သို့ ဆက်သွယ်ရေးအတွက် အသုံးပြုသော Server

Database server - ကွန်ပြူတာ ပရိုဂရမ်နှင့် ကွန်ပြူတာများအား သတင်းအချက်အလက်များအား သိမ်းဆည်းပေးသည့် Server 

Fax server – Fax ဝန်ဆောင်မှု ပေးသော Server

File server - ဖိုင်များအား အပေးအယူ၊ အကူးအပြောင်း ပြုလုပ်ပေးသော Server

Game server - ဗီဒိယိုဂိမ်းပရိုဂရမ်နှင့် User များအား ထောက်ပံ့ပေးသည့် Server

Home Server - အိမ်များအတွက် Server

Name Server - ဝဘ်ဆိုဒ် လိပ်စာ DNS များအား သိမ်းဆည်းဝန်ဆောင် မှုပေးသည့် Server

Print Server (Printer ဝန်ဆောင်မှုအတွက် ဆာဗာ)၊ Proxy Server (မတူညီသော server များချိတ်ဆက်နိုင်ရန် ကြားခံ ဆက်သွယ်ပေးသော Server, Sound server (ရေဒီယိုတို့ကဲ့သို့ multimedia broadcasting, streaming များအတွက် အလုပ်လုပ်သော ဆာဗာ)၊ Stand-alone Server, Computer Server အစရှိသဖြင့် အမျိုးမျိုး ထပ်ကွဲပါတယ်။ အချို့  ကျတော့ လည်း Server တစ်ခုချင်းစီမခွဲပဲ သုံးလေးမျိုးကို Server တစ်လုံးတည်းနဲ့ လုပ်လို့ရအောင် ဖန်တီး ပေးပါတယ်။ နောက်မှ Server တစ်ခုချင်းစီ အကြောင်း အသေးစိတ် ရှင်းပြပါ့မယ်။ 

"Server မှာ ဘာတွေ ပါလဲ" 

Server မှာ ပရိုဂရမ်အနေနဲ့ Server OS ပါရမယ်လို့ ပြောပြီးသွားပြီ။ (မပါလည်း ကိစ္စမရှိဘူးနော်)။ Hardware ပစ္စည်း အနေနဲ့ ကတော့ Memory (အချက်အလက် သိမ်းဆည်းထားမယ့် ပစ္စည်း) လိုအပ်ပါတယ်။ Google တို့လို ကုမ္မဏီကြီး ကတော့ Data Center ဟဲဗီး သုံးပြီး သူ့ ကို Run ဖို့အတွက် သီးသန့် Data Center Server OS တောင် သက်သက်သုံးရ ပါတယ်။ အေးအောင်လည်း အမြဲ လုပ်ပေးရပါတယ်။ ဒါမှ Server မဒေါင်းမှာလေ။ တစ်မိနစ်ဒေါင်းရင် Google ဆုံးရှုံးမယ့် ငွေက ကန်ဒေါ်လာ သန်းထောင်နဲ့ချီမှာပါ။ သူ့ကိုမှီနေတဲ့ ကုမ္မဏီ တွေ နိုင်ငံတိုင်းမှာ ရှိနေလို့ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ဒီတော့ Server မှာ အချက်အလက် သိမ်းဆည်း ပေးမည့် ဟာ့ဒ်ဝဲ၊ Server အလုပ်လုပ်ရန် စီမံခန့်ခွဲပေးမည့် software တို့ လိုအပ်ပါတယ်။ 

"Server တို့ ဘယ်လို အလုပ်လုပ်လဲ" 

သာမန်ကွန်ပြူတာပဲလေ။ Mail server ဆိုပါစို့။ ကျနော်က Gmail စာတစ်စောင်ရေးလို့ ပို့လိုက်ပြီး mail server ထဲ ရောက်ပြီး အဲ့မေးလ်ကို စစ်ပေး။ ဘယ်ကိုယ်ပို့ရမယ်ဆိုတာ သေသေချာချာ ပြန်ကြည့်ပြီး ပို့ရမယ့် လိပ်စာ၊ နေရာ၊ နိုင်ငံ၊ အင်တာနက်လိုင်းကို စီးကူး ပေးလိုက်ပါတယ်။ ဒါတွေအားလုံးက တစ်မိနစ်အတွင်းမှာ ဖြစ်သွားတာနော်။ အင်တာနက် လိုင်းမြန် ရင် စက္ကန့်နဲ့တောင် ဖြစ်တယ်။ Game server ဆိုရင်လည်း ဘယ်သူတွေ Log in ဝင်ထားလဲ။ ဘယ်သူတွေ ဘာလုပ်နေလဲ။ သူကတော့ ဘာ အချက်အလက်တွေ ပို့လိုက်ပါပြီ။ ဟိုဘက်ကို ဘာအချက် အလက် ပြန်ပို့ပေးရမယ် အစရှိသဖြင့် တော်တော်အလုပ်ရှုပ်ပါတယ်။ သူ့ရဲ့  Data စီးဆင်းမှုကလည်း အတော်လည်း မြန်ဆန်ပါတယ်။

Facebook ဆိုရင်တော့ Web server ပေါ့။ ကျနော်တို့က Log in ဝင်ရင် ဘယ်သူက ဘယ် IP နဲ့ ဝင်လာပါတယ်။ ဘယ် folder ကိုပို့ပေးရမယ်။ ဘာတွေ ပြန်ပို့ပေးရမယ်။ အစရှိသဖြင့် အလုပ်ရှုပ်ပါတယ်။ ဝဘ်ဆိုဒ်တစ်ခုအနေနဲ့ လူဘယ်နှစ်ယောက် ကြည့်ပြီးရင် ဒေါင်းတယ် ဆိုတာ Server ကိုယ်ရတဲ့ memory နဲ့ဆိုင်ပါတယ်။ IP ဘယ်လောက်ပဲ ဝင်သုံးလို့ရမယ်လို့ ကန့်သတ်ထားပါတယ်။ user များရဲ့ ဝင်ရောက်ကြည့်ရှု အသုံးပြုမှု အရေအတွက် တစ်ခု ရောက်လို့ Memory ကျော်သွားရင် server အလုပ်လုပ်မှု ရပ်ပါတယ်။ ပြီးတော့ မိမိ ဝဘ်ဆိုဒ်မှာ အချက်အလက်တွေ တင်တာ သတ်မှတ်ချက်ထက် ကျော်လွန်သွား ရင်လည်း ဒေါင်းပါတယ်။ အချက်လက် ဘယ်လောက်ပဲ ထည့်ဖို့ Server မှာ memory space ဘယ်လောက်ဝယ်ထားတယ် ဆိုတာမျိုးပေါ့။ 

Domain Name Server ဆိုရင်လည်း ဘယ်ဝဘ်ဆိုဒ် လိပ်စာ ဘယ် IP ကတော့ register လုပ်လိုက်ပါပြီ။ ငါဒီ IP နဲ့ လိပ်စာကို အခြားလူပေးလို့ မရတော့ဘူး အစရှိသဖြင့် DNS က အလုပ်လုပ်ပါတယ်။ ခုနေ www.facebook.com နဲ့ ဆိုဒ်တစ်ခု ရလားလို့ register လုပ်ကြည့်လေ။ ယင်း နာမည်ကို DNS မှာ register လုပ်ထားပြီးပြီမို့ နောက်လူတွေ လုပ်ယူလို့ မရတော့ပါဘူး။ ဒါက ရှင်းရရင် အများကြီးရှိပါသေးတယ်။ နောက်မှ ရှင်းပါ့မယ်။ 
Server ကို သာမန်ကွန်ပြူတာနဲ့ မလုပ်ရခြင်းက အကြောင်း ၂ ချက်ရှိ ပါတယ်။ တစ်ခုက ၂၄ နာရီအလုပ်လုပ်ရန် သာမန် ကွန်ပြူတာက မသင့်တော်ခြင်းနဲ့ သတင်းအချက်အလက်မြောက်များစွာကို လုံခြုံစွာ သိမ်းဆည်းမပေးနိုင်ခြင်းတို့ကြောင်းပါ။ ဒါကြောင့် Server ဆိုပြီး သီးသန့်စက်ကြီးတွေ၊ OS တွေနဲ့ run ရပါတယ်။ 

"နိဂုံးချုပ်"

ဒီလောက်ဆိုရင် Server ဆိုတာ ဘာကိုခေါ်တယ်။ ဘယ်လိုကွဲတယ်။ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အကြမ်းဖျင်း သိပြီလို့ ယုံကြည် ပါတယ်။ နောက်မှပဲ လိုအပ်ရင် အချက်တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြသွားပါမယ်။ 
-
ကိုလတ်(ကျွဲဆင်း)

ကွန်ပျူတာ သမိုင်း

တိုက်ရိုက်အဓိပ္ပါယ်ပြန်လျှင် သချာင်္တွက်စက်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်၎င်းမှာ လျှပ်စစ်စွမ်းအားနှင့်သချာင်္ ပညာရပ်များအားအသုံးပြု၍လုပ်ငန်းရပ်များအားအဆင်ပြေချော မွှေ့လွယ်ကူစေရန်ဖန်တီးယူထားသည့် စက်အမျိုးအစား တစ်ခုဖြစ်ပါသည်။ မှတ်တမ်းများသိမ်းဆည်းခြင်း (Datastorage)၊ ပြန်လည်ခေါ်ယူခြင်း(Retrive)၊ အစီအစဉ်များထည့်သွင်းခြင်းနှင့် ထုတ်ယူခြင်း(l/O Device)၊ စဉ်းစားတွက်ချက်ပေးခြင်း (Calculate) တို့အားလုပ်ငန်းစဉ်များ အလိုက်အသုံးပြုနိုင်ရန်စီစဉ်ထားပါသည်။

ကွန်ပျုတာအားတီထွင်ရန်စတင်စဉ်စားခဲ့စဉ် ထဲကပင်လုပ်ငန်း ရပ်အသီးသီး၌အသုံးပြုနိုင်ရန်ရည်ရွယ်၍တီထွင့်  ခဲခြင်းဖြစ်သည်။စတင်တီထွင်ခဲ့စဉ်အချိန်တွင် (Analog Computer) နှင့် (Digital Computer) ဟူ၍တည်ဆောက်ပုံနှစ်မျိုးရှိ့  ခဲပါသည်။(Analog Computer)သည် လျှပ်စစ်စွမ်းအားရရှိမှုပမာဏ

အနည်းအများပေါ်မူတည်၍အနီးစပ်ဆုံးဖော်ပြ ပေးခြင်းဖြင့်လုပ်ဆောင်ပါသည်။(Digital Computer)သည် လျှပ်စစ်စွမ်းအားအတိအကျရရှိမှုအ ပေါ်မူတည်၍လုပ်ဆောင်ပါသည်။

ကွန်ပျုတာမတိုင်မှီခေတ်၁၆

ရာစုနှစ်နှောင်းပိုင်းမှစတင်၍လုပ်ငန်းရပ်အသီးသီးအားလွယ်ကူချောမွှေ့ ဆင်ပြေစေရန်ပညာရှင်များမှ[ပေသီး]
(abacus)အားအ ခြေခံ၍ အဆင့်ဆင့်စမ်းသပ်တီထွင်လာခဲ့ကြပါသည်။ ၁၆၁၄ ခုနှစ်တွင်(John Napier)မှသချာင်္ပညာရပ်ပိုင်းဆိုင်ရာတွက်ချက်မှုများအားအ ဆင်သင့်ကြည့်ရှုနိုင်ရန် .၅ ဒဿမငါးနေရာအထိ
အ တိအကျတွက်ယူအ ဖြေထုတ်ပေးထားသောအ စီအ စဥ် (Logarithms)အားတီထွင်ဖန်တီးခဲ့သည်။

၁၆၁၅ တွင် William Oughtred မှနေ၍ (Slide Rule) စနစ်အားတီထွင့်  ခဲသည်။(Slide Rule) ဆိုသည်မှာလျှင်မြန်စွာတွက်ချက်နိုင်ရန်အ တွက်(Logarithms) စနစ်အားအကျဉ်းချူံး စီစဉ်ထားသောသချာင်္ ပညာရပ်ပိုင်းဆိုင်ရာအသုံးချမှုများဖြစ်ပါသည်။ ၎င်းအား ယနေ့ကာလ ခေတ်ပေါ်အီလက်ထရွန်းနစ်သချာင်္တွက်စက်(Electronic Calculator) များတွင်အသုံးပြုထားပါသည်။

၁၆၂၃ တွင် William Schickardမှသချာင်္တွက်စက်၏အ စဖြစ်သော(Mechanical Calculator) အားတီထွင့်  ခဲပါသည်။ပထမဦးဆုံးစက်ကိရိယာဖြင့်တွက်ချက်ခြင်းအ စီအ စဉ်အားပြင်သစ်နိုင်ငံသား ဖြစ်သူသချာင်္နှင့်ဒဿနိကပညာရှင် Blaise Pascal မှ၁၆၄၂ ခုနှစ်တွင်တီထွင့်  ခဲပြီး ၁၆၄၅ ခုနှစ်တွင်စတင်ထုတ်လုပ့်  ခဲပါသည် ။

၎င်းကိရိယာအားအ လုပ်လုပ်ဆောင်နိုင်ရန်အ တွက်လက်ဖြင့်မောင်းနှင်ရသောဂီယာ(gear)များ၊စက်သီး (Pulley)များဖြင့်ဖွဲ့စည်းတည်ဆောက်ထားပါသည်။၁၆၇၂-၁၆၇၄ခုနှစ်တွင် Gottfried Leibniz မှပထမဆုံး(Calculator) အားတီထွင်နိုင့်  ခဲပါသည်။၁၈၀၁ ခုနှစ်တွင် Joseph Marie Jacquard ၏ကြိုးပမ်းအားထုတ်မှုဖြင့်အ လို လျောက်လည်ပတ်နိုင်သောယက်ကန်းစက်တစ်မျိုးဖြစ်သည့်(Analytical Engine) ကိုရရှိ့  ခဲသည်။

၎င်းစက်မှာအ ပေါက်များစွာပါဝင်သောကဒ်ပြား (Punched-Card) များဖြင့်ထည့်သွင်းအ သုံးပြု့  ခဲသည်။၁၈၂၀ တွင် Charles Thomas de Colmar မှပထမဆုံးပြည်စုံသောတွက်ချက်မှုအတိုင်းအတာအားတိုးမြှင့်ပေးခဲ့ပါသည်။

၁၈၂၂ ခုနှစ်တွင်အင်္ဂလန်နိုင်ငံမှ Charles Babbage သည်ဓါတ်ခွဲစက်(Analytical Engine) တစ်ခုပြုလုပ်ရန်အ ကြံရှိ့  ခဲ၍၎င်းစက်တွင်မည်သည့်တွက်ချက်မှုမျိုးမဆိုပါဝင်ထည့်သွင်းထားသည်။သို့ရာတွင်၎င်းစက်အ တွက်လိုအ ပ်သည့်ဖွဲ့စည်းပုံအားတည်ဆောက်နိုင်ရန်အ တွက်မူယင်းအချိန်ကာလတွင်ပညာရှင်များအ နေဖြင့်များစွာမှအခက်အ ခဲရှိ့  ခဲကြပါသည်။

Charles Babbage ၏မူလစိတ်ကူးမှာယင်းစက်သည်အ ချက်အလက်ပေါင်းမြောက်များစွာအားလက်ခံနိုင်၊ထည့်သွင်းနိုင်၊အ ဖြေထုတ်နိုင်ရန်ဖြစ်ပါသည်။

၂၀ ရာစုနှစ်အ စောပိုင်းတွင်လေဟာမီးလုံး (Vacuum Tube) များအားအ သုံးပြုခြင်းဖြင့်ကွန်ပျုတာစက်မှုပညာမှအီလက်ထရောနစ်စနစ်သို့ကူးပြောင်းလာခဲ့ကြ၍ဂီယာ (Gear) နှင့်စက်သီး (Pulley) တို့အားမလိုအ ပ်တော့ချေ။လျှပ်စစ်ခလုတ်များမှတူညိသောရလဒ်အ ဖြေများကိုရရှိနိုင်ပြီဖြစ်ပါသည်။

ယင်းတွင်သင်္ကေတနှစ်ခုပါသည့် (Binary) ဘာသာများဖြင့်အသုံးပြုထားပါသည်။ အချက်အလက်နှင့် ညွှန်ကြားချက်များအား(l/O) ဖြင့်အကျဉ်းချုံးထားပါသည် ၎င်းစနစ်မှာ (0) နှင့် (၁) နံပါတ်များအားအ ဖွင့်၊အပိတ် (On/Off) လုပ်ပေးခြင်းဖြင့်လုပ်ငန်းရပ်များအားဝန်ပိုကျုံ့လာစေပါသည်။

လေဟာမီးလုံး (Vacuum Tube) များမှာဂီယာ (Gear) နှင့်စက်သီး(Pulley)များထက်ပိုမိုတိကျစွာအ လုပ်လုပ်ဆောင်လာနိုင်ပါသည်။ Charles Babbage စဥ်းစားထားခဲ့သည့် (Analytical Engine) မှာ ၁၈၃၀
ခုနှစ်ရောက်မှအ ပြီးသတ်ဖန်တီးနိုင့်  ခဲပါသည်။နောက်ဆုံးတွင်၎င်း၏စဉ်းစားမှုများအားလုံးသည်ယနေ့ခေတ်ကာလအ သုံးချနေကြသော (Programmable Computer) အ ဖြစ်သို့ရောက်ရှိလာခဲ့ပါသည်။

၁၈၉၀ ခုနှစ်တွင်Herman Hollerith မှအ မေရိကန်သန်းခေါင်စာရင်းမှတ်တမ်းအတွက်ကဒ်ပြားများအားအ ပေါက်ဖောက်ခြင်းစနစ်(punched-Card System) အ ဖြစ်တိုးမြှင့်ပေးခဲ့သည်။၁၉၃၆ ခုနှစ်တွင်Alan Turing မှကွန်ပျုတာ၏သချာင်္ပညာရပ်ပိုင်းဆိုင်ရာသီအိုရီများအား တိုးမြှင့်ထုတ်လုပ့်  ခဲသည်။၁၉၃၈ ခုနှစ်တွင် Konrad Zuse မှ(Boolean) အက္ခရာသချာင်္စနစ်အားအသုံးပြု၍ပထမဆုံး (Binary Caculator) အ ဖြစ်တည်ဆောက့် ခဲသည် ။

၁၉၃၉ ခုနှစ်တွင်ပထမဆုံး[သချာင်္]နှင့်[ရူပဗေဒ]

ပညာရပ်များအားလျှပ်စစ်စွမ်းအားဖြင့်အ ဓိကအသုံးပြုထားပြီး စက်ပိုင်းဆိုင်ရာ တွက်ချက်မှုဖြင့်အလုပ်လုပ်နိုင်သော (J V Atanasoff-Barry) ကွန်ပျုတာအား အ မေရိကနိုင်ငံတွင်တီထွင့်  ခဲသည်။၎င်းစက်အားပထမဆုံး လေဟာမီးလုံးတွဲများနှင့်အ သုံးပြုဖန်တီးတည်ဆောက်ထားခဲ့သည်။ ၎င်းစက်မှာလုပ်ငန်းရပ်တစ်ခုအ တွက်သာပုံဖော်ထားပါသည်။ သို့ရာတွင်အ လွန်ရှည်လျားသောသချာင်္ပညာရပ်ပိုင်းဆိုင်ရာဇယားကြီးများ၏တွက်ချက်မှုများအားတစ်ခုချင်းစီအ နီးစပ်ဆုံးတွက်ချက်နိုင်အောင်ရေးဆွဲခဲ့ပါသည်




မြန်မာနိုင်ငံကွန်ပျုတာ သမိုင်း

မြန်မာနိုင်ငံတွင်ကွန်ပျူတာ တက္ကသိုလ်မဆိုထားဘိကွန်ပျူတာဌာနပင်မရှိသေးမီက (၁၉၇၃ ခုနှစ်မတိုင်မီက ) တက္ကသိုလ်တစ်ခု၏သင်္ချာဌာနလက်အောက်တွင်တွက်ချက်ရေးယူနစ် အ ဖြစ်စတင်ဖွဲ့ စည်းခဲ့သည်ဟုအဆိုရှိသည်။ လူဦးရေ သန်းခေါင်စာရင်းကောက်ယူမှတ်တမ်းပြုစုသော ကိစ္စရပ်များကိုကူညီဆောင်ရွက့်  ခဲရကြောင်းလည်းသိရသည်။ စက္ကူ ကဒ်ပြားများကိုစက်ဖြင့်အပေါက်ဖေါက်ပြီး သုံးရသောစနစ်ဖြစ်သည်။ နောက်ပိုင်းတွင်ပီစီမဟုတ်သေးသော ကွန်ပြူတာများ တစ်စတစ်စ ရောက်ရှိလာပြီး
ဝန်ကြီးဌာနအချို့တွင်သုံးစွဲလာသည်။

MCCအမည်ဖြင့်ကွန်ပြူတာပညာဆင့်ပွါးပေးသောအစုအ ဖွဲ့ရှိခဲ့ဖူးပြီး ကွန်ပြူတာသင်တန်းကျောင်း လုံးဝမရှိဆိုဟုသည်။ ရှေးဦးစွာရောက်ရှိလာသော PC တို့တွင်လည်း CD ROM, Sound card, Mouse စသည်တို့မပါဝင်သေးပဲ DOS Version ဖြင့်ပင် Run နိုင်သော စာစီစာရိုက်အ တွက် (WordStar) စာရင်းဇယားဆွဲရန် (Foomtools) စသည့်ဆော့ဖ်ဝဲများသုံးကြရသည်ဆိုပါသည်။

နောက်ပိုင်း (Wordperfect 5.1) ပေါ်ပေါက်လာပြီး (Dbase 4), (Lotus 1-2-3) စသည်တို့အ ပြင် (Harbor Graphic 3 ), (AutoCAD) စသည်တို့ ကိုပါသုံးစွဲလာနိုင်ကြောင်းသိရပါသည်။ WINDOWS OS ပေါ်လာသော အ ပြောင်းအ လဲပြီးသည့်တိုင် မြန်မာပြည်တွင်ကွန်ပြူတာမြင်သိထိတွေ့ဖူးသူအလွန်နည်းပါးပြီး WINDOW 95 ပေါ်ပေါက်လာပြီးမှတစ်စတစ်စပြည်သူလူထုအတွင်း ကွန်ပြူတာသုံးစွဲနိုင်သောအ ခြေအ နေရောက်လာခဲ့ပါသည်။

သင်ကြားရေးတွင်မူ WINDOWS 3.1 ခေတ်ကပင် CSS, RS, MCC စသော သင်တန်းအ ဖွဲ့အ စည်းများလဲပေါ်ထွန်းလာပြီး။ ACE, KMD စသည်အဖွဲ့အ စည်းများလည်းဆက်လက်ပေါ်ပေါက်လာကြောင်းသိရပါသည်။

ကွန်ပြူတာဂျာနယ်သည်လည်း မြန်မာ့ကွန်ပြူတာသမိုင်းတွင် အ ရေးပါသောအ ခန်းမှပါဝင်နေကာ အ ကျိုးပြုပံ့ပိုးကူညီနိုင့်  ခဲပါသည်။

ဒင်းနစ်ဝင်းသိန်း၏အ စီအ စသ်ဖြင့်အ ချို့အ ခြေခံပညာကျောင်းများအ တွက် LC630 Macintosh ကွန်ပြူတာများအ ကြွေးရောင်းချပေးခဲ့ရာမှ မြို့ငယ်လေးများ၏အထက်တန်းကျောင်းများပါ ကိုယ်ထူကိုယ်ထစနစ်ဖြင့် Clone PC များဝယ်ယူသိမ်းဆည်းပြသသောအ လေ့၊ Multimedia classroom များဖွဲ့စည်းတည်ဆောက်သောဓလေ့များထွန်းကားခဲ့သည်ဆိုပါသည်။

ဆက်လက်ပြီး Network ကွန်ယက်ချိတ်ဆက်သောလုပ်ငန်းများဖွံ့ဖြိုးလာခဲ့သော်လည်း အင်တာနက်ကိုတိုက်ရိုက်မသုံးနိုင်သေးပဲ အင်ထရာနက်သုံးကြရသည်ဆိုပါသည် ။

Dial up စနစ်ကွန်ယက်ချိတ်ဆက်ပစ္စည်းတို့မှာ ခွင့်ပြုချက်မရလျှင်သုံးစွဲခွင့်မရှိသောကန့်သတ်ပစ္စည်းဖြစ့်  ခဲရပြီး
နောင်A ခါ IP Star စလောင်းများဖြင့် Internet ချိတ်ဆက်အ သုံးပြုမှုအ ထိ ကျယ်ပြန့်လာသည်ဆိုပါသည်။

ကွန်ပြူတာဝန်ဆောင်မှုအပိုင်းတွင်စာစီစာရိုက်လုပ်ငန်းမှာစီးပွားဖြစ်အသွင်ဦးစွာပေါ်ပေါက်လာပြီး၊ ကွန်ပြူတာဖြင့် ဇာတာဖွဲ့ပေးခြင်းစသည်တို့လည်းပိုမိုစောစီးစွာပေါ်ပေါက်ဖူးသည်ဆိုပါသည်။စာစီရာမှ ဒီဇိုင်းလုပ်ငန်းများ ထိုမှတဆင့်စီဒီဗီဒီယိုအခွေကူးခြင်း/ MP3 ပြောင်းပေးခြင်း၊ ငှားရမ်းခြင်း ဓါတ်ပုံအ ခွေထုတ်ခြင်းဗီဒီယိုတည်းဖြတ်ခြင်း ကာတွန်းရုပ်ရှင်ဖန်တီးခြင်း၊ ဂိမ်းဆိုင်များ ဖွင်ခြင်းတို့နှင့်အတူဆိုင်ဘာကဖေးဆိုင်များ ပေါ်ထွန်းလာသည်အ ထိကမ္ဘာနှင့်အ ညီရင်ဘောင်တန်းလိုက်လာနိုင်သလို IT ပညာရှင်များလည်း အထိုက်အ လျောက်ပေါ်ပေါက်လာပြီးကွန်ယက်များချိတ်ဆက်ထိန်းသိမ်းပေးခြင်း ဆော့ဖ်ဝဲရေးသားရောင်းချခြင်း။ Web
page ဒီဇိုင်းရေးဆွဲကြော်ညာပေးခြင်း စသည့်အ တတ်များလည်းတတ်ကျွမ်းလာနေပြီဖြစ်ပါသည်။ ဟက်ကာများလည်း ရှိသည်ဟုကြားသိနေရပါသည်။

ကွန်ပြူတာသမိုင်း

ကွန်ပျူတာဆိုတာ
“ကွန်ပျူတာ”ဆိုတာ ဘာလဲတဲ့ !!

ပြောရမယ်ဆိုရင် ... သေချာတာတော့ .. “ကွန်ပျူတာ”ဟာ electronic device (ပစ္စည်း) တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ စတင်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းကို လေ့လာမယ်ဆိုရင်ဟိုးလွန့်  ခဲတဲ့နှစ်ပေါင်း (၁၀၀)ကျော်လောက်တုန်းကရှေးခေတ်လူသားတွေ သုံးခဲ့တဲ့ … “ပေသီး” (သို့) ဂဏန်းပေါင်းစက် (Abacus) ခေတ်ကို ပြန်ရောက်သွားပါလိမ့်မယ်။အဲဒီ (Abacus) “ပေသီး”ကနေ အ ခြေခံပြီး .. လူတွေဟာ ဂဏန်းပေါင်းစက်တီထွင်လာနိုင်သည်အ ထိ .. ဉာဏ်ရည်တွေဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ် .. ။ အဲဒီဂဏန်းပေါင်းစက်မှတစ်ဆင့် .. မှတ်ဉာဏ် (Memory) ပိုမိုကောင်းမွန် .. တွက်ချက် (processing)နိုင်သော
ကွန်ပျူတာတွေအ ထိတီထွင်တိုးတက်လာခဲ့ပါတယ် … ။ကွန်ပျူတာရယ်လို့ ဖြစ်ပေါ်လာပေမယ့်လည်း .. ကွန်ပျူတာဆိုတဲ့ရှေးသမိုင်းကြောင်းတွေထပ်ရှိပါသေးတယ် … ။

ဒီအ ပင်ကိုဘယ်လိုစိုက့်  ခဲလဲ .. မြေသြဇာဘယ်လိုသုံးရလဲ .. မြေသြဇာအ တွက် … နွားချေးဘယ်နှစ်ပိဿာ ထည့်ရတယ်… အဲဒီအပင်က စိုထိုင်းတဲ့နေရာမှာ ပေါက်တာလားပြီးတော့ခြောက်သွေ့တဲ့နေရာမှပေါက်တာလား စသည်ဖြင့် .. ပုံစံတွေနဲ့ ..လေ့လာမယ်ဆိုရင် .. ဒါက စိုက်ပျိုးရေးသမား အလုပ်ဖြစ်သွားပါပြီ ..။

ပိုဆိုးတာက .. နည်းပညာ (Technology) ဆိုတာကလည်း .. အ ချိန်နဲ့အမျှ ပြောင်းလဲတိုးတက် (update) အ မြဲဖြစ်နေတဲ့အ ချိန် .. ။ဒီအ ချိန်မှာ ကိုယ်က သမိုင်းကြောင်းပဲအ သေးစိတ်ပြန်သွားပြီးလေ့လာမယ်ဆိုရင် .. အ ကြိုးထူးလာနိုင်ဖို့နည်းလမ်းနည်းပါတယ် .. ။
မြောင်းကြီးကြီးခုန်ဖို့နောက်ကိုခြေ(၂)လှမ်း၊ (၃)လှမ်းလောက်လှမ်းလိုက်ပါ။ ပြီးတော့မှ .. အရှိန်နဲ့ပြေးခုန်လိုက် .. ကိုယ်လိုချင်တဲ့ဟိုဖက်အခြမ်းက .. Update Technology ကိုမရောက်စရာ အ ကြောင်းမရှိပါဘူး .. ။
History
Year/Enter
Computer History
Inventors/Inventions
Computer History
Description of Event




1936
Konrad Zuse - Z1 Computer First freely programmable computer.




1942
John Atanasoff & Clifford Berry
ABC Computer
Who was first in the computing biz is not always as easy as ABC.




1944
Howard Aiken & Grace Hopper
Harvard Mark I Computer
The Harvard Mark 1 computer.




1946
John Presper Eckert & John W. Mauchly
ENIAC 1 Computer
20,000 vacuum tubes later...




1948
Frederic Williams & Tom Kilburn
Manchester Baby Computer & The Williams Tube
Baby and the Williams Tube turn on the memories.




1947/48
John Bardeen, Walter Brattain & Wiliam Shockley
The Transistor
No, a transistor is not a computer, but this invention greatly affected the history of computers.




1951
John Presper Eckert & John W. Mauchly
UNIVAC Computer
First commercial computer & able to pick presidential winners.




1953
International Business Machines
IBM 701 EDPM Computer
IBM enters into 'The History of Computers'.




1954
John Backus & IBM
FORTRAN Computer Programming Language
The first successful high level programming language.
Stanford Research Institute, Bank of America, and General Electric
ERMA and MICR
The first bank industry computer - also MICR (magnetic ink character recognition) for reading checks.




1958
Jack Kilby & Robert Noyce
The Integrated Circuit
Otherwise known as 'The Chip'




1962
Steve Russell & MIT
Spacewar Computer Game
The first computer game invented.




1964
Douglas Engelbart
Computer Mouse & Windows
Nicknamed the mouse because the tail came out the end.




1969
ARPAnet The original Internet.




1970
Intel 1103 Computer Memory The world's first available dynamic RAM chip.




1971
Faggin, Hoff & Mazor
Intel 4004 Computer Microprocessor
The first microprocessor.




1971
Alan Shugart &IBM
The "Floppy" Disk
Nicknamed the "Floppy" for its flexibility.




1973
Robert Metcalfe & Xerox
The Ethernet Computer Networking
Networking.




1974/75
Scelbi & Mark-8 Altair & IBM 5100 Computers The first consumer computers.




1976/77
Apple I, II & TRS-80 & Commodore Pet Computers More first consumer computers.




1978
Dan Bricklin & Bob Frankston
VisiCalc Spreadsheet Software
Any product that pays for itself in two weeks is a surefire winner.




1979
Seymour Rubenstein & Rob Barnaby
WordStar Software
Word Processors.




1981
IBM
The IBM PC - Home Computer
From an "Acorn" grows a personal computer revolution




1981
Microsoft
MS-DOS Computer Operating System
From "Quick And Dirty" comes the operating system of the century.




1983
Apple Lisa Computer The first home computer with a GUI, graphical user interface.




1984
Apple Macintosh Computer The more affordable home computer with a GUI.




1985
Microsoft Windows Microsoft begins the friendly war with Apple.







     Source By ; slip-meepyatite.blogspot.com

Android ဆိုတာ ဘာလဲ?????



ဒီခေါင်းစဉ်အောက်ရောက်ရင်တော့ Os တွေ အကြောင်းကို အကြမ်းဖျင်းတော့ ရှင်းရပါတော့မယ်။
ကျွန်တော်လည်း အကြမ်းဖျင်းလောက်ပဲ သိတာကိုး....အကြမ်းပဲ ရှင်းမှာပေါ့နော် :P ။
Computer သုံးပဲ ဖြစ်စေ၊ Mobile ဖုန်းတွေမှာပဲ ဖြစ်စေ Os ( Operating System) တွေမှာ နှစ်မျိုးနှစ်စား ရှိပါတယ်။
Closed Operating System နဲ့ Opening Operating System လို့ ခေါ်ပါတယ်။ ဟုတ်ပါပြီ။ ဘာက ဘယ်လိုလဲ။
***
Closed Os ဆိုတာက နာမည်ကြည့်တာနဲ့ သဘောပေါက်နိုင်ပါတယ်။ ပိတ်ထားတယ် ဆိုတဲ့သဘောပေါ့နော်။
ဘာပဲ လုပ်လုပ် သူ့မှာ ကန့်သတ်ချက် ရှိပါတယ်။ မ၀င်ရ ဆိုတဲ့ တားမြစ်နယ်မြေတွေ ပါပါတယ်။
ဆိုလိုရရင် စစ်တပ်လိုမျိုး အဆင့်အဆင့်တွေ ရှိတဲ့နေရာသဘော သက်ရောက်ပါတယ်။
Computer သုံး အနေနဲ့ နားလည်အောင်ပြောရရင် သူ့ရဲ့ ကျောရိုး System ပိုင်းဆိုင်ရာတွေကို
User ကို တွေ့ခွင့်၊မြင်ခွင့်တောင် မပေးပါဘူး။
တွေ့ခွင့်၊မြင်ခွင့် ရအောင် လုပ်ထားရင်တောင် ပြင်ဆင်နိုင်ခွင့် မပေးပါဘူး။
အဲဒါကို Closed System လို့ ခေါ်ဆိုပါတယ်။ (ဥပမာ-Window Os, Mac Os, iOs..စတာတွေပေါ့။)။
တစ်လက်စတည်း ကောင်းကျိုး၊ဆိုးကျိုးတွေကိုပါ နားလည်သလောက်လေးရှင်းပြခဲ့ချင်တယ်ဗျာ။
Closed System တွေမှာ အပေါ်က ဆိုခဲ့သလို အစစအရာရာ User ကို ပြင်ဆင်ခွင့် ပေးမထားပဲ
သူ့ရဲ့ ဘောင်အတွင်းမှာပဲ လုပ်ဆောင်ခွင့် ရသည့်အတွက် User Effect ကြောင့် ဖြစ်နိုင်တဲ့ ပြသနာတွေ မရှိပါဘူး။
နောက်ပြီး ၄င်းကဲ့သို့ ဘာပဲ လုပ်လုပ် သူတို့ရဲ့ ခွင့်ပြုချက် ရမှ လုပ်ဆောင်၍ ရသည့်အတွက်
မှားယွင်းလုပ်ဆောင်ချက်ဆိုတာလည်း မရှိသလောက် နည်းပါးပါတယ်။
သူ့ရဲ့ Framwork နဲ့ သွင်းလို့ ရမယ့် Application တွေ အားလုံးဟာ လုံးဝကို Stable ဖြစ်ပါတယ်။
အဲလို ဖြစ်အောင်လည်း လုပ်ထားလို့ Closed လို့ ခေါ်တာပေါ့နော်။
ဆိုရရင် Security ပိုင်းဆိုင်ရာမှာ အလွန်ကို တောင့်တင်းခိုင်မာပါတယ်။
ဆိုးကျိုးကတော့(အဲ....ဆိုးကျိုးလို့ သုံးနှုန်းရတာ အရမ်းတော့ မကောင်းမြင်ရာကျပါတယ်။
ဒါပေသိ အဆင်မပြေမှုလို့ပဲ ရည်ရွယ်ပါတယ်နော်။)

ဘာပဲ လုပ်လုပ် ခွင့်ပြုချက်ရမှ၊ ခွင့်ပြုမှ ဆိုတဲ့ ကန့်သတ်ချက်တွေကြောင့်ရယ်။
စည်းတွေ၊ဘောင်တွေ အောက်မှာပဲ လုပ်ဆောင်နေရသည့်အတွက်
 အားလုံးဟာ Step by Step ပဲ သွားနေရသည့်အတွက် User တွေနဲ့ friendly ဖြစ်ဖို့တော့ သိပ်အဆင်မပြေပါဘူး။
နောက်ပြီး ကိုယ်ကိုယ်တိုင်လည်း နားလည် တတ်မြောက်ထားပေမယ့်ကိုယ့်ဘာသာ ပြင်ဆင်နိုင်ခွင့်မရနိုင်ပါဘူးဗျာ။(ဆိုလိုချင်တာက ကိုယ်ဟာလည်း developer တစ်ယောက်ဆိုပါစို့။
ကိုယ့်ပစ္စည်းကို ကိုယ့်အတွက် အကောင်းဆုံး ဖြစ်အောင် မလိုချင်တာတွေကို ထုတ်မယ်။
လိုချင်တာတွေကို ထည့်မယ် စသည်ဖြင့် လုပ်ချင်တယ်။ လုပ်လည်း လုပ်နိုင်တယ် ဆိုခဲ့ရင်တောင်မှ
လုပ်ခွင့် မရပါဘူး။) ကဲ..ဒါဆို Closed ဆိုတာ ဘာအဓိပ္ပါယ်လဲ ဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။
***
Opening Os ဆိုတာ အပေါ်က Closed နဲ့ ပြောင်းပြန်ပေါ့နော်။(ဥပမာ- Linux Os, Android Os..စတာတွေပေါ့) သူ့မှာက အကုန်လုံး freedom ပါပဲ။ အားလုံးဟာ ကိုယ်ကိုယ်တိုင် လုပ်ဆောင်ခွင့် ရပါတယ်။
အဲဒီတော့ “ကိုယ်ဖြစ် ကိုယ်ခံ”ပေါ့နော်။သူရဲ့ ကောင်းကျိုးကတော့ စာဖတ်သူဟာ application တစ်ခုကို
ကိုယ်တိုင်မရေးနိုင်ရင်တောင် ပြင်ဆင်ပြီး သုံးမလား။
Built-in ပါလာတဲ့ application တွေကို မလိုချင်ဘူးလား။ ရတာပေါ့ဗျာ။ ဖြုတ်သာပစ်လိုက်။
ဘယ်လို..... မြန်မာမှုပြုပစ်လိုက်ချင်တယ်လား။ အား...သိပ်ရတာပေါ့ဗျာ။ အဲလို..အဲလိုတွေကြောင့် အသုံးပြုရတာ User friendly ဖြစ်ပါတယ်။ လွယ်လည်း လွယ်ကူလို့ လူကြိုက်လည်း များတာပေါ့နော်။
ဆိုးကျိုးကတော့ လုပ်ချင်တာ လုပ်ခွင့် ရနေမှတော့ ကလိမတော်လို့ ပျက်တာတွေကတော့ ဘယ်နေရာမှာ ဖြစ်ဖြစ် ကြားနေရတာပေါ့နော်။
တတ်ရင် ရေးလို့ ရမှတော့ တတ်တဲ့သူက Virus ရေးတယ်ဆိုလည်း ပြန့်တာပေါ့။
ကဲ...ဒီတော့ ဆိုရရင် သူက Stable မဖြစ်ဘူးပေါ့ဗျာ။ လုပ်ချင်တာ လုပ်ခွင့် ပေးထားတာကိုး။ မဟုတ်ဘူးလားဗျာ...
ဒီလောက်ဆိုရင် ရှေ့ဆက်လို့ ရလောက်ပြီ ထင်ပါတယ်။
ဒါလေးတွေကို စာမရှည်ရှည်အောင်လို့ ရေးနေတာ မဟုတ်ပါဘူးနော်။
တစ်ချို့ computer တောင် ကောင်းကောင်းမသုံးတတ်တဲ့သူတွေအတွက် ဘာမှန်းညာမှန်းမသိ မဖြစ်အောင်
အခြေခံလေးအဖြစ်ပဲ ရပါစေ ဆိုပြီး အစကနေ စလိုက်တာပါ။
ကျွန်တော်က Android ကိုပဲ ကောင်းကောင်း မဟုတ်တောင် နည်းနည်းလေး သိပါတယ်။
ကျန်တဲ့ အမျိုးအစားတွေကိုတော့ လေ့လာနေဆဲမှာပဲ ရှိသေးတော့ Android ကိုပဲ ရှင်းပါ့မယ်နော်။
ကျွန်တော် ဖုန်းနဲ့ ပတ်သက်ပြီး အစကနေ စရှင်းမယ်ဆိုတော့ ဘယ်က စရှင်းရမလဲပေါ့။
စဉ်းစားလိုက်တော့ root တို့ ဘာတို့ထက် ပိုပြီး အခြေခံကျမယ် ထင်တဲ့ နေရာကနေ စလိုက်တာပါ။ဒါလေးကို ဖတ်ပြီး တစ်ခုခုသာ ရရှိခဲ့မယ် ဆိုရင် ကျေနပ်ပါပြီဗျာ။
ဒီထက်ပိုဖတ်ချင်တယ်ဆိုရင် အောက်ကလင့်မှာ ဖတ်ရှုနိုင်ပါတယ်
http://en.wikipedia.org/wiki/Android_%28operating_system%29

3G အကြောင်း တစ်စေ့ တစ်စောင်း

            3G ဆိုတာကတော့ GSM စနစ်တွေရဲ့မွေးဖွားမှုသမိုင်းမှာ GSM Third Generation လို့သတ်မှတ်ခေါ်ဆိုထားတဲ့အမည်တစ်ခုပဲဖြစ်ပါတယ်။GSM ဖုန်းတွေကို Generation အလိုက်
ခေါ်ဆိုသတ်မှတ်ကြတဲ့အတွက် second generation ကို 2G လို့ခေါ်ပြီး၊Thrid Generation
ကို 3G လို့တာဖြစ်ပါတယ်၊
GSM မိုဘိုင်းဖုန်းစနစ်ရဲ့ 3G စနစ်ကိုစတင်ခဲ့တာပာာ UMTS ဆိုတဲ့
စနစ်ကိုစတင်သတ်မှတ်ခဲ့တာဖြစ်ပြီးတော့ 3G စနစ်ထဲမှာပါဝင်တာတွေကတော့ UMTS,WCDMA,HSDPA,HSUPA,HSCSD ဆိုတဲ့စနစ်တွေပါဝင်နေပါတယ်၊
ဒီစနစ်တွေအားလုံးပာာ
3G စနစ်မှာအသုံးပြုနိုင်တဲ့စနစ်တွေဖြစ်ပါတယ်။ဒီစနစ်တွေထဲကမှ UMTS ဆိုတဲ့စနစ်ပာာ Per 3G
လို့လည်းခေါ်ဆိုနိုင်မှာဖြစ်ပြီး 3G ရဲ့အစပိုင်းကန်နဦးစနစ်တစ်ခုလည်းဖြစ်ပါတယ်။UMTS  ဆိုတဲ့
စကားလုံးအရှည်ကောက်ကတော့ Universal Mobile Telecommunication System ဘဲဖြစ်ပါတယ်။
ဒီစနစ်မှာတော့ Speed နှုန်းထားက 2Mbps ဘဲရရှိပါတယ်။Network Speed နည်းသေးတယ်လို့ဆိုနိုင်
ပါတယ်၊ဘာကြောင့်လည်းဆိုတော့အခုလက်ရှိ 3G ရဲ့ network speed က 14.4Mbps အထိရှိနေလို့ဖြစ်ပါတယ်၊ Universal Mobile Telecommunication System က Per အဆင့်လောက်ဘဲ
ရှိတဲ့ 3G ဖြစ်နေလို့ပါ၊အဲဒီနောက် Wide Code Devision Multiple Access ဆိုတဲ့ WCDMA  3Gစနစ်တစ်
ခုပေါ်လာပါတယ်၊ဒါအပြင် HSDPA ဆိုတဲ့( High Speed Downlink Packet Access) အင်တာနက်အသုံးပြု
နိုင်တဲ့စနစ်လည်းပေါ်လာသေးပါတယ်၊ HSDPA ပာာလည်း 3G စနစ်ဘဲဖြစ်ပါတယ်၊သူ့ရဲ့ downlink speed ပာာ 10Mbps အထိရရှိနိုင်တာမို့ အမြန်နှုန်းကောင်းတဲ့စနစ်တစ်ခုလို့လည်းဆိုနိုင်ပါတယ်၊နောက်စနစ်တစ်ခု
ကတော့ HSUPA (High Speed Uplink Packet Access) ဆိုတဲ့စနစ်ပါ ဒီစနစ်ကတော့ အင်တာနက်အသုံးပြုရာမှာ downlink တင်မက uplink ပါအသုံးပြုနိုင်မှာဖြစ်ပါတယ်၊Uplink စနစ်အတွက် Speed က 2Mbps အထိရရှိပါတယ်၊နောက်တစ်ခုကတော့HSCSD (High  Speed Circuit Switch Data)
လို့ခေါ်တဲ့စနစ်ပါ၊ 3G တွေထဲမှာတော့ အကောင်းဆုံး စနစ်တစ်ခုပါ၊ဒီစနစ်က Channel တွေအများကြီးပေါ်က
Data တွေကို အနှံ့အပြားသွားလာနိုင်တဲ့စနစ်ဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံလည်း 3G အင်တာနက်စနစ် အသုံးပြုနိုင်တော့မယ်လို့ပြောနေပါတယ်၊ 3G ဆိုတဲ့စကားလုံးပာာနေရာ
တိုင်းလိုလိုတွေ့နေရလို့ ဗပာုသုတအဖြစ်ဖော်ပြလိုက်တာဖြစ်ပါတယ်။……………
မူရင်း အောင်သက်ခိုင်